News

POST TYPE

ALSO IN NEWS

အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ အမြင့်ဆုံးတောင်ကြီး ယခင်ကထက် ပိုမြင့်လာလို့တဲ့
10-Jul-2019

အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ဗီယက်နမ်က ဖန်စီပန်တောင်ကြီးဟာ ယခင်က သတ်မှတ်ထားတဲ့ အမြင့်ထက် ပိုမြင့်လာတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ လောင်ကိုင်ပြည်နယ်မှာရှိတဲ့ အဆိုပါတောင်ကြီးကို ယခုနှစ်အစောပိုင်းက ပြန်လည်တိုင်းတာကြည့်ခဲ့တာဖြစ်ပါတယ်။တိုင်းတာမှုရလဒ်အရ ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၄၇ ဒသမ ၃ မီတာမြင့်တာကို တွေ့ခဲ့ရပါတယ်။ ဟိုးယခင် တိုင်းတာမှုရလဒ်ထက် ၄ ဒသမ ၃ မီတာမြင့်နေတာဖြစ်ပါတယ်။ ၁၉၀၉ ခုနှစ်မှာ ပြင်သစ်အာဏာပိုင်က တိုင်းခဲ့တဲ့ရလဒ်ထက် ယခုတိုင်းတာချက်က ပိုမြင့်နေတာဖြစ်ပါတယ်လို့ တိုင်းတာရေး၊ မြေပုံဆွဲသားရေးနဲ့ ပထဝီဝင်သတင်းအချက်အလက်ဌာန ညွှန်ကြားရေးမှူး ဖန်ဒူဟီးက ပြောကြားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းပြဂြိုဟ်တုစနစ်ကို အသုံးပြုပြီးတိုင်းခဲ့တာမို့ တိကျတယ်လို့လည်း သူကပြောပါတယ်။

“ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေကို သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ဝန်ကြီးဌာနကို တင်ပြလိုက်ပြီဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။

F-02