News

POST TYPE

ALSO IN NEWS

ဥရောပရဲ့ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို လက်ဗလာနဲ့ တက်နေသူ
09-Jul-2019


ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ခင်းက လူတစ်ဦးဟာ ဥရောပရဲ့ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို လက်ဗလာနဲ့တက်ပြခဲ့တာကြောင့် လူမှုကွန်ရက်မီဒီယာ အသုံးပြုသူတွေ အံ့ဩတစ်ကြီးတုံ့ပြန်နေကြပါတယ်။ မည်သူမည်ဝါမှန်းမသိရတဲ့ ပင့်ကူလူသားတစ်ဦးဟာ ၉၅ ထပ်မြင့်ပြီး ၃၀၉ မီတာရှိတဲ့ လန်ဒန် ဆောက်သ်ဝါ့သ် အဆောက်အအုံကို လက်ဗလာနဲ့ တွယ်တက်နေတဲ့ဗီဒီယို Twitter မှာ တက်လာခဲ့ပါတယ်။ မော်စကိုက OKO တာဝါပြီးရင် လန်ဒန်က အဆိုပါအဆောက်အအုံဟာ ဥရောပမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အမည်မသိ လူစွန့်စားဟာ ထိုတာဝါကြီးရဲ့ ထိပ်နားကိုတောင် ရောက်လုနီးနေပါပြီ။ မနက်ခင်းစောစောစီးစီးမှာ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ဟာ အဆိုပါအဆောက်အအုံကိုရောက်လာရပြီး အခြေအနေကို လာရောက်စစ်ဆေးခဲ့ရပါတယ်။ ယခုအခါ အဆိုပါအမျိုးသားဟာ အဆောက်အအုံတွင်းကို ပြန်ရောက်နေပြီဖြစ်ကာ ရဲတပ်ဖွဲ့ကစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဖမ်းတော့ မဖမ်းဘူးလို့ သတင်းများက ဆိုထားပါတယ်။

F-02