News

POST TYPE

ALSO IN NEWS

နိုင်ဂျီးရီးယားမှာ ပြန်သုံးလို့ရတဲ့ ပလတ်စတစ်အမှိုက်တွေနဲ့ ကျောင်းလခ ပေးနိုင်ပြီ
08-Jul-2019


လူဦးရေထူထပ်လှတဲ့ နိုင်ဂျီးရီးယားလာဂို့စ်မြို့က အဂျန်ဂွန်လီခရိုင်မှာ နွမ်းပါးတာကြောင့် ကျောင်းလခပေးဖို့ ကလေးမိဘတွေက မတတ်နိုင်ကြပါဘူး။ ဒါပေမဲ့ အကူအညီပေးရေး အင်စတီကျူးရှင်းတစ်ခုက ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိ၊ ကလေးများလည်း ကျောင်းရောက်မယ့်စနစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ကျောင်းသားမိဘများဟာ ပြန်သုံးလို့ရမယ့် Recycle ပလတ်စတစ်အမှိုက်တွေကို လာသွင်းကာ ကျောင်းလခအဖြစ် ပြောင်းလဲသတ်မှတ်ပြီး ကလေးများကို ကျောင်းပို့ရတာဖြစ်ပါတယ်။ စီမံကိန်းကို Recycle Pay လို့ အမည်ပေးထားပြီး မိဘများက ပလတ်စတစ်အမှိုက်များကိုယူလာကာ အလေးချိန်ကြည့် ယူထားလိုက်ပြီး ကျောင်းလခကို တဖြည်းဖြည်း လျှော့တာဖြစ်ပါတယ်။ သန့်ရှင်းရေး အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်အဖွဲ့များနဲ့ ဒေသအခြေစိုက် နိုင်ငံတကာ ကျောင်းတစ်ခုက ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဖြစ်ပါတယ်။ ပလတ်စတစ်အမှိုက်ကနေ ပိုက်ဆံဖြစ်၊ ပိုက်ဆံကနေ ပညာရေးပြန်ဖြစ်တဲ့ ရေရှည်စီမံကိန်းပါတဲ့။

F-02