News

POST TYPE

ALSO IN NEWS

အသက် ၉၃ နှစ်အရွယ် ဘွားဘွားရဲ့ နောက်ဆုံးဆန္ဒက အဖမ်းခံရဖူးချင်တာတဲ့
29-Jun-2019


ဗြိတိန်ရဲတပ်ဖွဲ့ဟာ ဘာအပြစ်မှ မရှိတဲ့ ဘွားဘွားကြီးတစ်ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါသူ့ရဲ့ နောက်ဆုံးဆန္ဒမို့ ကူညီပေးတာပါတဲ့။

ဂျိုစီဘက်စ်လို့ အမည်ရတဲ့ ဘွားဘွားဟာ အသက် ၉၃ နှစ်အရွယ် ရောက်နေပြီဖြစ်ကာ အဖမ်းခံချင်တယ်လို့ ဆန္ဒပြုခဲ့တာမို့ မန်ချက်စတာ ရဲတပ်ဖွဲ့က ကူညီခဲ့ရတာဖြစ်ပါတယ်။

ပမ်စမစ်လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့အဘွားရဲ့လိုလားချက်ကို ဖြည့်ဆည်းပေးခဲ့တာမို့ ကျေးဇူးတင်ပါကြောင်း Twitter မှာ တင်ခဲ့ပြီးတော့ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ 
“အဘွားက ၉၃နှစ်ရှိပါပြီ။ ကျန်းမာရေး သိပ်မကောင်းပါဘူး။ သူဟာ အဖမ်းခံချင်ပါတယ်။ ယနေ့တော့ သူပျော်ရွှင်ခဲ့ရပါတယ်။ သူ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ပမ်စမစ်က ပြောကြားခဲ့ပါတယ်။

မန်ချက်စတာမြို့ မြောက်ပိုင်းခရိုင်က ပြည်သူတစ်ဦးက ထူးခြားတဲ့ တောင်းဆိုမှုတစ်ရပ် ပြုလုပ်လာခဲ့ပါတယ်လို့ မန်ချက်စတာ ရဲတပ်ဖွဲ့က အတည်ပြုပေးထားပါတယ်။ 

ဘွားဘွားရဲ့ ဘဝမှာ ဆောင်ရွက်စရာ ကိစ္စတွေထဲမှာ ရဲအဖမ်းခံချင်တာလည်းပါတာမို့ ရဲတပ်ဖွဲ့အနေနဲ့ အခွန်ထမ်းပြည်သူများကို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

F-02