News

POST TYPE

ALSO IN NEWS

အသုဘ ဘာဝနာပွားများရမယ့် ဘန်ကောက်က ရင်ခွဲရုံကော်ဖီဆိုင်
27-Jun-2019


ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖွင့်လှစ်ထားတဲ့ ကဖေးဆိုင်တစ်ဆိုင်ဟာ ဆိုင်အပြင်အဆင်ကို အသုဘလိုလုပ်ထားပြီး အခေါင်းတွေထဲမှာ ဝင်ထိုင်ခိုင်းပြီး ဘာဝနာပွားများဖို့ စီစဉ်ပေးထားပါတယ်။ ကဖေးဆိုင်ကို အသုဘ ဘာဝနာ The Death Awareness Café  လို့ နာမည်ပေးထားပါတယ်။ အထဲမှာ အခေါင်းတွေ၊ ရင်ခွဲခုတင်တွေ၊ အသုဘပန်းတွေ စီခြယ်ထားပါတယ်။ ကဖေးဆိုင်ပိုင်ရှင် ဗီရာနုရိုဂျာနာပရာပါက လူတွေကို ကိုယ့်ဘဝအကြောင်း ကိုယ်ပြန်သုံးသပ်မိစေဖို့ ဒီဆိုင်ကိုဖွင့်ရတာလို့ ပြောပါတယ်။ ဗုဒ္ဓတရားနဲ့အညီ အဆိုပါဆိုင်ကိုဖွင့်တာဖြစ်ပြီး လူတွေကို လောဘမများစေဖို့ ဆုံးမချင်တာဖြစ်တယ်လို့ ပြောပါတယ်။ 

“ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဧည့်သည်တွေကို မရဏတရားကို သတိထားမိစေဖို့ ဖြစ်ပါတယ်”လို့ ဆိုင်ရှင်က ပြောကြားပါတယ်။ ကော်ဖီသောက်ပြီးတဲ့အခါ အခေါင်းထဲဝင်အိပ်နိုင်ပြီး သေရင် ကိုယ့်ကို ဒီထဲထည့်မှာဖြစ်ကာ ဘာမှယူသွားလို့မရဘူးဆိုတဲ့ ခံစားမှုကို ပေးမှာဖြစ်ပါသတဲ့။

F-02