News

POST TYPE

ALSO IN NEWS

ရုရှားတောင်ပိုင်းက ကလေးတွေ ဝံပုလွေဆွဲမှာ စိုးလို့ ပုဆိန် ကိုင်ပြီး ကျောင်းသွားနေရ
10-Nov-2016

ရွာတိုင်းမှာ စာသင်ကျောင်း မရှိတဲ့အခါ ကျောင်းတက်မယ့် ကလေးတွေဟာ ကျောင်းရှိတဲ့ နေရာကို ကုန်းကျောင်း လျှောက်ပြီး ကျောင်းတက်ရတာ ရုရှားမှာလည်း ရှိပါတယ်။ ကလေး တစ်ဦးက ပုဆိန်ကိုင်ပြီး ကျောင်းသွားရတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ် တက်သွားပြီးနောက်မှာ တောင်ပိုင်း ကျေးလက်နေ ကလေးတွေ ဝံပုလွေ ရန်ကို ကြောက်နေရတာ သိသာသွားခဲ့ပါတယ်။

 

ဗာ့ခ်နီနုဂက်ရှ်ဆိုတဲ့ ရွာက ကလေးတွေဟာ အနီးဆုံး အလယ်တန်းကျောင်းကို ရောက်ဖို့ ခြောက်မိုင်လောက် လမ်းလျှောက်ရပါသတဲ့။ တောအုပ်ကို ဖြတ်ပြီး သွားရတာမို့ လမ်းမှာ ဝံပုလွေ အဆွဲခံရမယ့်အန္တရာယ်ကြောင့် တချို့ကလေးတွေက လက်နက်တွေ ကိုင်ပြီး ကျောင်းသွားရပါတယ်။

 

သားလေး ကျောင်းတက်ဖို့ ပုဆိန် ထည့်ပေးလိုက်ရတဲ့ပုံကို မိဘတွေက အင်တာနက်ပေါ် တင်ခဲ့တာမို့ လူသိများသွားခဲ့ပါတယ်။ အရင်ကလည်း ဝံပုလွေ တိုက်ခိုက်မှု ခံရဖူးတာမို့ အခုလို ပုဆိန် ထည့်ပေးနေရတာလို့ မိဘတွေက ပြောကြားပါတယ်။

 

လူတွေကို ဝံပုလွေ ထွက်ဆွဲတဲ့ တရားဝင် အသိပေး တိုင်ကြားလာမှုတော့ မရှိသေးဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရုရှား TV 24 ကို ပြောကြားခဲ့ပါတယ်။ ကလေးတွေ လုံခြုံရေးအတွက် အခက်အခဲ ရှိတာမို့ ကျောင်းကား စီစဉ်ပေးချင်ပေမယ့်လည်း လမ်းတွေက မတ်စောက်တာမို့ မဖြစ်နိုင်သေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

 

ရုရှားတောင်ပိုင်းက တောအုပ်တွေထဲမှာ ဝံပုလွေအုပ်တွေ ကျက်စားလေ့ရှိပြီး သူတို့က အုပ်စုဖွဲ့ တိုက်ခိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ 



  • VIA