News

POST TYPE

ALSO IN NEWS

ရဲက တင်ထားတဲ့ အလိုရှိသည်ပိုစတာပုံ Like တစ်သောင်းခွဲရရင် လာအဖမ်းခံမယ်လို့ တရားခံပြော
23-May-2019

လူမှုကွန်ရက်မီဒီယာပေါ်မှာ တရားခံပြေးတစ်ဦးရဲ့ အလိုရှိသည် (Wanted) ပိုစတာဓာတ်ပုံကို အများပြည်သူက Like တစ်သောင်းခွဲပြည့်အောင် ပေးရင် လာရောက်အဖမ်းခံမယ်လို့ တရားခံက လှမ်းပြောတာမို့ ရဲတွေက သဘောတူလိုက်ပါတယ်။ တရားခံပြေးနဲ့ ရဲတို့ အဆိုပါ Challenge ကို သဘောတူလိုက်ခြင်းဟာ ကျင့်ဝတ်နဲ့မညီဘူးလို့ ပညာရှင်တစ်ဦးက ပြောကြားပါတယ်။ အများပြည်သူအပေါ် ရမ်းကားမှု၊ ကလေးငယ်တစ်ဦးကို ဒဏ်ရာရစေမှု စတဲ့ အမှုတွေနဲ့ရင်ဆိုင်နေရတဲ့ အသက် ၂၉ နှစ်အရွယ် ဂျို့စ်စင်စ်ဟာ နယူးယောက်မြို့ တစ်နေရာမှာ ရှိနေတာဖြစ်ပြီး ဖမ်းဝရမ်း ၇ ခုတောင် ရှိနေပါတယ်။ တရားခံပြေးဟာ Facebook ကနေ ရဲကို လာဆက်သွယ်ကြောင်း သူ့ရဲ့ Wanted ပိုစတာ Like တစ်သောင်းခွဲရမှ လာအဖမ်းခံမှာ ဖြစ်တာကို သဘောတူလိုက်ကြောင်း တိုရန်တန် ရဲတပ်ဖွဲ့မှူး ဘရက်ဂျွန်ဆင်က ဆိုပါတယ်။ တရားခံက ကနဦး Like နှစ်သောင်းရမှ လာမယ်လို့ ပြောတာဖြစ်ပါတယ်။ ရဲကတစ်သောင်းခွဲ ထားပါလို့ ဈေးဆစ်ပြီး အဆင်ပြေသွားတာ ဖြစ်ပါတယ်။

“Like တစ်သောင်းခွဲရဖို့က ခက်ပေမယ့် ဖြစ်နိုင်ခြေရှိပါတယ်”လို့ ရဲမှူးဂျွန်ဆင်က ပြောကြားပါတယ်။ ဒါပေမဲ့ ရဲကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်သူ မာကီဟာဘာဖလကအ်ကတော့ တရားခံနဲ့ ခုလိုမျိုး အပေးအယူမလုပ် ကောင်းဘူးလို့ ရဲတပ်ဖွဲ့ကို သတိပေးလိုက်ပါတယ်။

F-02