News

POST TYPE

ALSO IN NEWS

သတ္တုခြေရာခံစက်နဲ့ ဝါသနာအရရွှေရှာသူ ဒေါ်လာခုနစ်သောင်းနီးပါးတန် ရွှေတုံးကြီး ရရှိ
22-May-2019


ဩစတြေးလျနိုင်ငံက အမျိုးသားတစ်ဦးဟာ ရွှေသတ္တုအရိုင်းတုံးတစ်တုံးကို သတ္တုခြေရာခံစက်နဲ့ရှာဖွေရင်း တွေ့ရှိခဲ့ပါသတဲ့။ အမည်မဖော်ပြထားတဲ့ အမျိုးသားဟာ သတ္တုခြေရာခံစက်ကိုသုံးရင်း စိတ်ရှည်လက်ရှည်နဲ့ ရွှေရှာနေခဲ့ရာက အမေရိကန်ဒေါ်လာ ၆၈၇၆၀ တန် ရွှေတုံးကြီးတစ်ခုကို ရရှိခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံအနောက်ပိုင်း ကယ်ဂိုလီဒေသက ရွှေဆိုင်တွေမှာ စစ်ဆေးကြည့်ပြီး ဈေးနှုန်းအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ မကြာခဏရွှေအတိုအစတွေ တွေ့ရတတ်တဲ့ဒေသဖြစ်ပေမယ့် ယခုလောက်ပမာဏ များများနဲ့တော့ တွေ့တာမျိုး မရှိပါဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ သတ္တုခြေရာခံစက်လေး ဆောင်ထားရင်း ရွှေတုံးကြီးရသွားတဲ့ အမျိုးသားကတော့ ပျော်ရွှင်နေလေရဲ့။ ၂၀၁၈ တုန်းကလည်း အမျိုးသားတစ်ဦးဟာ အဆိုပါဒေသမှာ ဒေါ်လာရှစ်သောင်းတန် ရွှေတုံးတစ်တုံး ကောက်ရခဲ့ဖူးပါတယ်။ သတ္တုခြေရာခံစက်လေးတော့ ဘယ်သွားသွား ဆောင်ထားဖို့လိုတာပေါ့။

F-02