News

POST TYPE

ALSO IN NEWS

ဟောင်ကောင်တွင် ပန်ဒါမထီလေးစားမှုဖြင့် ထောင်ဒဏ်တစ်လကျခံရနိုင်
21-May-2019


ပန်ဒါဝက်ဝံတွေကို ကမ္ဘာတစ်ဝန်းလုံးက ချစ်ခင်ကြပါတယ်။ ဟောင်ကောင်မှာတော့ မချစ်ခင်ဘဲ မထီလေးစား လုပ်မယ်ဆိုရင်တော့ ထောင်ဒဏ်တစ်လ ကျခံရနိုင်ပါသတဲ့။ ဟောင်ကောင်ရဲ့ ဥပဒေအရ အိုးရှင်းပါ့ခ်ဥယျာဉ်ကို လာရောက်လာပတ်ကြတဲ့ ဧည့်သည်များအနေနဲ့ ဝက်ဝံတွေကို ဒေါသထွက်အောင် မစနောက်ရဘူးလို့ ပါရှိပါတယ်။ အကယ်၍ အဆိုပါဥပဒေကို ကျူးလွန်မယ်ဆိုရင်တော့ ဒဏ်ငွေ ဟောင်ကောင် ဒေါ်လာ နှစ်ထောင်နဲ့ ထောင်ဒဏ်တစ်လ ချမှတ်ခံရမှာဖြစ်ပါသတဲ့။ လာရောက်ကြသူ ဧည့်ပရိသတ်များအနေနဲ့ ပြသထားတဲ့တိရစ္ဆာန်များကို အပြည့်အဝ လေးစားပေးရမယ်ဆိုတဲ့ ဥပဒေအပေါ် ဟောင်ကောင်က လူမှုကွန်ရက် အသုံးပြုသူ အတော်များများက သဘောကျနှစ်ခြိုက်ကြပါတယ်။ ဟောင်ကောင်ဟာ သဘာဝ ပတ်ဝန်းကျင်ကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ တင်းကျပ်စွာ ပြဋ္ဌာန်းထားပါတယ်။ သစ်ပင်များကိုဖျက်လို ဖျက်ဆီးပြုလုပ်ပါက ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ နှစ်သောင်းခွဲအထိ ဆောင်ရတဲ့ နေရာပါ။

F-02