News

POST TYPE

ALSO IN NEWS

လက်ရာကောင်းလို့ ချီးကျူးခံနေရတဲ့ တရုတ်က မူလတန်းအရွယ် စားဖိုမှူးလေး
21-May-2019

တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီကျန်းပြည်နယ် ဟန်ကျိုးဒေသက မူလတန်းကျောင်းသားလေးတစ်ဦးဟာ ထူးချွန်လှတဲ့ စားတော်ကဲလေး ဖြစ်နေတာကြောင့် အများက သတိထားမိနေပါတယ်။ အဆိုပါမူလတန်း ကျောင်းသားလေးဟာ စာကို စိတ်မဝင်စားဘဲ ချက်ဖို့ပြုတ်ဖို့ပဲ စိတ်ဝင်စားနေတာမို့ နောက်ဆုံးမိဘတွေလည်း လက်မြှောက်လိုက်ရပြီဖြစ်ပါတယ်။

“ကျောင်းက ပြန်လာရင် ချက်ဖို့လောက်ပဲ စိတ်ဝင်စားနေတယ်။ အိမ်စာလည်း မလုပ်ဘူး။ မုန့်ဖိုးတွေ ကိုလည်း စုထားပြီး ဟင်းခတ်ပစ္စည်းတွေပဲ ဝယ်တယ်”လို့ ကောင်လေးရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

ကောင်လေးချက်တဲ့ ဟင်းလျာတွေဟာ ဆွဲဆောင်မှုရှိပြီး၊ အရသာရှိတယ်လို့တော့ အမေဖြစ်သူက ဝန်ခံပါတယ်။ ဒါပေမဲ့ ငယ်သေးတာမို့ စားဖိုမှူးအလုပ်ကို မလုပ်ခိုင်းချင်သေးဘူးလို့ အမေက ပြောပါတယ်။သင်္ချာစာမေးပွဲဖြေတာ တစ်မှတ်ပဲရတာမို့ စိတ်ပူနေတဲ့ မိဘများဟာ ကောင်လေးကို ဒေသခံ မြီးကောင်ပေါက် စိတ်အခြေအနေ ကျန်းမာရေးဆရာဝန်ဆီကို သွားပြပေးခဲ့ပါတယ်။ ကလေးဟာ အာရုံစိုက်ခံရဖို့အတွက် စိတ်အခြေအနေ မူမမှန်တဲ့ အနေအထားလေးတွေ့ရကြောင်း ဆရာဝန်ကပြောပြီး သူဝါသနာပါရာ အလုပ်ကို အားပေးဖို့အတွက် အကြံပေးခဲ့ပါသတဲ့။

F-02