News

POST TYPE

ALSO IN NEWS

မွတ်ဆလင်တွေကို ထိပါးပြောဆိုတဲ့ ဒေါ်နယ်ထရမ့်ကို ဟိန္ဒူအမျိုးသားရေး ဝါဒီတွေ ချီးကျူးဂုဏ်ပြု
07-Nov-2016

အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အောင်မြင်မှုတွေကို ဟိန္ဒူ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေက ချီးကျူးဂုဏ်ပြု အခမ်းအနား လုပ်ပေးခဲ့ပါ တယ်။ အမေရိကမှာ နေထိုင်ကြတဲ့ ဟိန္ဒူရွှေ့ပြောင်းတွေကို ခင်မင်စွာ ဆက်ဆံမှုနဲ့ မွတ်ဆလင်တွေ ပြည်ဝင်ခွင့် ပိတ်မယ် ပြောဆိုမှုတွေကို ကြိုဆိုခဲ့တာ ဖြစ်ပါသတဲ့။ ဟိန္ဒူတပ်မတော်လို့ အမည်ရတဲ့ အဆိုပါ အဖွဲ့အစည်းက ဒေါ်နယ်ထရမ့်ဟာ နိုင်ပြီးသား ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

“ထရမ့်ရဲ့ အောင်ပွဲကို စောစီးစွာ အတည်ပြုလိုက်နိုင်ပါပြီ။ အစ္စလာမ္မစ် အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ သူ့ရဲ့ အတွေးအခေါ်တွေနဲ့ အိန္ဒိယသား ဟိန္ဒူတွေအပေါ် ချစ်ခင်မြတ်နိုးမှုတွေကြောင့်ဖြစ်ပါတယ်”လို့ ဟိန္ဒူမျိုးချစ်ဝါဒီ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဆိုသူ ဗိသျှနူးဂွတ်ပတားက ပြောပါတယ်။  
နယူးဂျာစီမှာ ပြုလုပ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းမှာ ဟိန္ဒူတွေကို ချစ်ပါကြောင်း ဒေါ်နယ်ထရမ့် က ပြောခဲ့ဖူးပါတယ်။ ဟိန္ဒူလက်ယာယိမ်းမျိုးချစ်တွေ မဟုတ်တဲ့ ဟိန္ဒူတွေကတော့ ဒေါ်နယ်ထရမ့်ထက် ဒီမိုကရက်တစ် ပါတီက ဟီလာရီကလင်တန်ကို ပိုပြီး နှစ်သက်ကြပါတယ်။

အမျိုးသားရေး ဝါဒီဟိန္ဒူတွေနဲ့ ဒေါ်နယ်ထရမ့်ကြီးတို့ကတော့ မွတ်ဆလင်တွေ အပေါ် ထားတဲ့အမြင်က တူတယ်လို့ ဆိုရပါလိမ့်မယ်။ ဒေါ်နယ်ထရမ့်ဟာ မဲဆွယ် စည်းရုံးရေးပွဲတစ်ခုမှာ မွတ်ဆလင်တွေကို ပြည်ဝင်ခွင့် ကန့်သတ်ရလိမ့်မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။



  • VIA