News

POST TYPE

ALSO IN NEWS

နွားကို အနမ်းပေးသော အင်တာနက် Challenge ဩစတြီးယားတွင် ခေတ်စား၊ မလုပ်ကြရန် အစိုးရတားမြစ်
20-May-2019


အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ နွားကို အနမ်းပေးခြင်း cow-kissing challenge ဟာ အန္တရာယ်ရှိတဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ လုပ်ရပ်လို့ ဩစတြီးယားအစိုးရက သတိပေးလိုက်ပါတယ်။ Cow Kiss Challenge လို့ အမည်ရတဲ့ အဆိုပါစိန်ခေါ်ခြင်းကို ဆွစ်ဇာလန်အခြေစိုက် App တစ်ခုဖြစ်တဲ့ Castl က လုပ်ခဲ့ပြီး ဂျာမန်စကားပြောတဲ့နိုင်ငံတွေမှာ နွားတွေကို လျှာနဲ့ဖြစ်စေ လျှာမပါဘဲဖြစ်စေ နမ်းပြီး ပရဟိတအလှူငွေ ရန်ပုံငွေရှာနေတာ ဖြစ်ပါတယ်။ ဩစတြီးယား စိုက်ပျိုးရေးဝန်ကြီး အဲလိဇဘတ်ကို့စ်တင်ဂါက အဆိုပါစိန်ခေါ်မှုဟာ အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

“စားကျက်မြေပြင်တွေဟာ အလှမွေးအချစ်တော် တိရစ္ဆာန်ဂေဟာ မဟုတ်ပါဘူး။ ခုလိုလုပ်ရပ်မျိုးက နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။ ခရီးသွားလုပ်ငန်းနှင့် နွားမွေးမြူရေး လုပ်သားများအရေးဟာ ဩစတြီးယား တောင်ပေါ်ဒေသတွေမှာ အရေးကြီးတဲ့ကိစ္စတွေဖြစ်ပြီး နှစ်ခုလုံးက တိုင်းပြည်စီးပွားရေးရဲ့အဓိက ဒေါက်တိုင်တွေ ဖြစ်ပါတယ်။နွားအုပ်နင်းသဖြင့် ကွယ်လွန်သွားသော အမျိုးသမီး၏မုဆိုးဖိုကို ယူရိုငွေ ၄ သိန်း ၉ သောင်းပေးရန် ဩစတြီးယား လယ်သမားတစ်ဦးကို တရားရုံးက ဒဏ်ရိုက်တာကြောင့် ပြဿနာတက်နေတာလည်း ရှိပါတယ်။

F-02