News

POST TYPE

ALSO IN NEWS

စာမတတ်သဖြင့် ယာဉ်မောင်းလိုင်စင်မရသူက ကိုယ်တိုင်နေစွမ်းအင်သုံးကားတစ်စီး တည်ဆောက်ပြ
19-May-2019

တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသက အမျိုးသားတစ်ဦးဟာ စာမတတ်မြောက်တာကြောင့် ယာဉ်မောင်းလိုင်စင်မရဘဲဖြစ်နေပါတယ်။ ဒါပေမဲ့ သူက မခေဘူးဆိုတာကို သက်သေပြဖို့အတွက် ဆိုလာပြားတွေနဲ့ စွမ်းအင်ထုတ်သုံးထားတဲ့ယာဉ်တစ်စီးကို ဖန်တီးပြခဲ့ပါတယ်။ ထူးဆန်းတဲ့ပုံပေါက်နေတဲ့ သူ့ကားကို အန်ဟွာပြည်နယ် ဝူဟူးလမ်းမှာ ရဲကတားပြီး စစ်ဆေးကြည့်ခဲ့တာဖြစ်ပါတယ်။ အလွန်သေးငယ်တဲ့ ကားလေးရှေ့မှာ ဆိုလာပြားတွေ တပ်ထားပြီး အမိုးကလည်းမပါ။ မီးလုံးကြီးတွေကလည်း အကြီးကြီးတွေမို့ ရဲကြည့်ရတာ စိတ်ရှုပ်နေပုံ ရပါတယ်။ ကားဟောင်းတွေ၊ စွန့်ပစ်ကားတွေရဲ့ အစိတ်အပိုင်းတွေကနေ ယူပြီး တပ်ဆင်ထားတာပါလို့ သူက ရဲကိုရှင်းပြပါတယ်။ ရဲက ထိုဆိုလာကားကို လိုင်စင်မဲ့ကားအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက် အသုံးပြုသူတွေက စာမတတ်တာကြောင့် ယာဉ်မောင်းလိုင်စင်မရတဲ့အဖြစ်ကို ထောက်ပြနေကြပြီး သဘာဝပတ်ဝန်းကျင်နဲ့လျော်ညီတဲ့ အဆိုပါကားတီထွင်မှုအတွက် ချီးကျူးနေကြပါတယ်။

F-02