POST TYPE
ALSO IN NEWS
မလေးရှားကျောင်းသား ၂၈၆၉ ဦး ယူကူလီလီနဲ့ Baby Shark သီချင်းကို တစ်ပြိုင်နက် တီးခတ်စံချိန်တင်
19-May-2019

မလေးရှားနိုင်ငံက မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသားပေါင်း ၂၈၆၉ ဦးနဲ့ ဂရင်းနစ်စံချိန်တင်ဖို့ ကြိုးစားခဲ့ပါတယ်။
သူတို့အားလုံးဟာ အတူတကွ မိနစ် ၃၀ ကြာအောင် ယူကူလီလီနဲ့ Baby Shark သီချင်းကို လေ့လာတီးခတ်ခဲ့ကြတာဖြစ်ပါတယ်။
ဂျိုဟာဘာရူဒေသက ကျောင်းတစ်ကျောင်းမှာ ကမ္ဘာ့အကြီးဆုံးဂီတ စာသင်ချိန်အဖြစ် မှတ်တမ်းတင်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။
ဂျပန်မှာ ၂၀၁၄ တုန်းက ကျောင်းသား ၂၄၈၀ နဲ့ ဘူးပလွေမှုတ်တဲ့ ဂီတအချိန်နဲ့ စံချိန်တင်ထားဖူးပါတယ်။ ယခု ကိန်းဂဏန်းက ဒါကိုကျော်လွန်သွားခဲ့ပါပြီ။
ကျောင်းသားအများစုဟာ သင်တန်းမတိုင်ခင်က ယူကူလီလီဂစ်တာကို မကိုင်ဖူးကြဘဲ သင်ခန်းစာကို ကောင်းကောင်းလိုက်နိုင်ခဲ့ကြတယ်လို့ ကျောင်းအုပ် တီယိုဘွန်စိုင်းက ပြောကြားပါတယ်။
သင်တန်းသား ၂၈၇၄ ဦးနဲ့ စတင်ခဲ့ပေမယ့် ၅ ဦးက အိမ်သာသွားနေတာမို့ ၂၈၆၉ ဦးနဲ့ စံချိန်ကို သတ်မှတ်လိုက်တယ်လို့ ဂရင်းနစ်မှတ်တမ်းအဖွဲ့က ဘရိုင်ယန်ဆိုဘယ်က ပြောကြားပါတယ်။
F-02
- VIA
- Voice Admin
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021