News

POST TYPE

ALSO IN NEWS

ဘယ်နေရာမှာရောက်နေတာက Social Media မှာဖွင့်ဟမိတဲ့ ဝရမ်းပြေးဘာဖြစ်သွားလဲ
18-May-2019

ကနေဒါရဲ့ အလိုရှိသည် ကြေညာခံထားရတဲ့ တရားခံပြေးတစ်ဦးဟာ သူ့အကြောင်း သတင်းဖော်ပြနေတဲ့ ရုပ်သံလိုင်းကို Facebook ကနေ Message ပို့ခဲ့ပါတယ်။

သူ့အကြောင်းဖော်ပြချက်ကို မကျေနပ်တာကြောင့် ကိုရွှေဝရမ်းပြေးဟာ ငါဘယ်နေရာမှာ ရောက်နေတယ်ဆိုပြီး ရုပ်သံလိုင်းကိုစာပို့ ကြိမ်းလိုက်ရာမှ ခဏနေတော့ ရဲတွေ ရောက်လာကြတာ ဖြစ်ပါတယ်။

ဂျက်ဆီဒင်းကိုဝါချော့ ဟာအသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး ကနေဒါနိုင်ငံ ဗြိတိန် ကိုလံဘီယာပြည်နယ်မှာ ၂၀၁၅ ကတည်းက ကျူးလွန်ခဲ့တဲ့ အမှုသုံးခုနဲ့ အလိုရှိနေတဲ့ တရားခံပြေး ဖြစ်ပါတယ်။

CFJC Today ရုပ်သံလိုင်း၏ အင်တာနက်စာမျက်နှာတွင် ၎င်း၏ ရုပ်ပုံတွေ့ရခြင်းကြောင်း ဂျက်ဆီဒင်းကိုဝါချော့ဟာ ရုပ်သံလိုင်းကိုရန်တွေ့တဲ့အနေနဲ့ သူရှိတဲ့နေရာကိုပြောလိုက်တာ ဖြစ်ပါတယ်။

ရဲဟာအဆိုပါ သတင်းကိုရရှိသွားခဲ့ပြီး ၃ နှစ်လောက် ပုန်းနေတဲ့မြို့မှာ သွားဖမ်းလိုက်တာ ဖြစ်ပါတယ်။

ကဲအမှုတွေ ဘာတွေဖြစ်ထားရင် Facebook ကို သတိထားသုံးကြနော်။ တွေ့တဲ့နေရာ Check In ဝင်မနေကြနဲ့။

F-02