News

POST TYPE

ALSO IN NEWS

ဧဝရက်တောင်ပေါ်ကို ၂၃ကြိမ်မြောက်တက်ပြီး စံချိန်ချိုးလိုက်တဲ့ နီပေါတောင်တက်သမား
18-May-2019

နီပေါနိုင်ငံက ရှာပါတိုင်းရင်းသား ကာမီရီတာလို့အမည်ရတဲ့ တောင်တက်သမားဟာ ဧဝရက်တောင်ကို ၂၃ ကြိမ်တက်ခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင်ကို အကြိမ်အများဆုံး တက်နိုင်တဲ့ သူ့ရဲ့စံချိန်ဟောင်းကိုပဲ သူထပ်ချိုးတာဖြစ်ပါတယ်။

ရီတာဟာ ဧဝရက်တောင်ခြေနားက သာမီဆိုတဲ့ ရွာမှာနေထိုင်သူဖြစ်ပြီး သူဟာ တခြားတောင်တက်သမားများနဲ့အတူ ပေနှစ်သောင်းကိုးထောင်ကျော်မြင့်တဲ့ တောင်ထိပ်ကို ရောက်ရှိခဲ့တယ်လို့ နီပေါခရီးသွားဌာနအရာရှိ မီရာအချာရာက ပြောကြားပါတယ်။

သူနဲ့အတူတူ ထောင်ထိပ်ကို တက်ခဲ့ကြတဲ့ တခြားရှားပါးမျိုးနွယ်ဝင် တောင်တက်သမားတွေလည်းရှိကြပြီး သူတို့ဟာလည်း တောင်ထိပ်ကို ၂၁ ကြိမ် တက်ပြီးခဲ့ပြီလို့ ဆိုပါတယ်။

၂၅ ကြိမ်ပြည့်အောင် ဧဝရက်တောင်ကို တက်ဖူးအောင်လို့ နောက်ထပ် ကြိုးစားဦးမယ်လို့ ရီတာက ပြောကြားပါသေးတယ်။

အသက် ၄၉ နှစ်အရွယ် ရီတာဟာ ၁၉၉၄ ခုနှစ်မှာစတင်ပြီး ဧဝရက်တောင်ကို တက်ခဲ့တာဖြစ်ပြီး လမ်းပြတောင်တက်သမားအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

F-02