News

POST TYPE

ALSO IN NEWS

အသက်ရှင်ဖို့အတွက် ကိုယ့်ခြေထောက်ကိုယ် အိတ်ဆောင်ဓားနဲ့ ဖြတ်ခဲ့ရတဲ့ လယ်သမား
18-May-2019


အမေရိကန်ပြည်ထောင်စု နီဘရာစကာပြည်နယ် အရှေ့မြောက်ပိုင်းက လယ်သမားတစ်ဦးဟာ ဂျုံထည့်စက်ကတော့ထဲ ခြေထောက်ညပ်နေတာကြောင့် အသက်မသေဆုံးရေးအတွက် ကိုယ့်ခြေထောက်ကိုယ် အိတ်ဆောင်ဓားနဲ့ ဖြတ်တောက်ခဲ့တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။

နီဘရာစကာပြည်နယ် ပန်ဒါဒေသနေ အသက် ၆၃ နှစ်အရွယ် လယ်သမားကြီး ကာ့ကဆာဟာ ပြောင်းစေ့တွေ တင်နေတုန်းမှာကတော့ထဲကို ခြေထောက်ကျသွားခဲ့ပြီး ညပ်နေခဲ့ပါတယ်။
အဆိုပါစက်ကတော့ဟာ တောင်းထဲက အစေ့အဆန်တွေကို ထည့်သွင်းဖို့အတွက် ဒီဇိုင်းဆင်ထားတဲ့အရာဖြစ်ပါတယ်။

မစ္စတာကဆာဟာ ခြေထောက်ကို ပြန်ထုတ်လို့မရတော့ပါဘူး။ တစ်ယောက်တည်းကလည်းဖြစ်နေ၊ ဖုန်းကလည်း အနားမှာမရှိတာကြောင့် ဓားနဲ့ သူ့ခြေထောက်ကို လွှတိုက်သလို စိတ်ရှည်ရှည်နဲ့ ဒူးအောက်ကနေ ဖြတ်ရတာဖြစ်ပါတယ်။

ပြီးနောက် ၄၅ မီတာလောက်ကို တွားသွားခဲ့ပြီး ဖုန်းဆက်ကာ ဆေးရုံကို သွားလိုက်ရပါတယ်။ သူဟာ ဆေးရုံရောက်တဲ့အထိ သတိမလစ်ပါဘူးတဲ့။ ခုတော့ ဆေးရုံတက်ကုသမှုခံယူနေပြီး သက်သာပြီဆိုတာနဲ့ ခြေတုတပ်ပေးမှာ ဖြစ်ပါတယ်။

F-02