News

POST TYPE

ALSO IN NEWS

အပြာဆိုက်တွေထဲအထိ မဲဆွယ်စည်းရုံးရေး ကြော်ငြာထိုးတဲ့ ဒိန်းမတ်က နိုင်ငံရေးသမား
16-May-2019


ဒိန်းမတ် အထွေထွေ ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အင်တာနက်ကို ကောင်းကောင်းအသုံးချပြီး ကြော်ငြာကြပါတယ်။အမတ်လောင်း တစ်ယောက်ကတော့ အပြာအင်တာနက်စာမျက်နှာ Pornhub ပါမကျန်ဝင်ပြီး ကြော်ငြာတာတော့ နည်းနည်းများသွားပါပြီ။

ဟုတ်တော့လည်း ဟုတ်တာပဲ။ ကြော်ငြာတယ်ဆိုတာ လူအဝင်အများဆုံး နေရာတွေမှာ ကြော်ငြာရမှာပေါ့နော်။

ဂျိုအာချင် ဘီ အိုလ်ဆင်ဟာ အိုလံပစ်မှာ ငွေတံဆိပ်ဆုရှင်ဖြစ်ကာ ဗဟိုလက်ယာ လစ်ဘရယ်မဟာမိတ်ပါတီရဲ့ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ ပါတီနဲ့ သူ့ကို မဲပေးကြဖို့အတွက် အင်တာနက်မှာ ကြော်ငြာထိုးတာများ အပြာဆိုက်တောင် မချန်ပါဘူး။

“ဟုတ်ပါတယ်။ Pornhub ပေါ်မှာ ရောက်နေတာ ကျွန်တော်ပါပဲ”ဟု ဂျိုအာချင် ဘီအိုလ်ဆင်က အတည်ပြုပေးပါတယ်။

F-02