News

POST TYPE

ALSO IN NEWS

ကမ္ဘာ့အမြင့်ဆုံး ဝါးနဲ့လုပ်သည့် ရုပ်တုကြီး ဖိလစ်ပိုင်တွင် လွှင့်ထူ
16-May-2019


ကက်သလစ်သူတော်စင်တစ်ပါးရဲ့ ၁၆၄ ပေနဲ့ ၉ လက်မမြင့်တဲ့ ရုပ်တုကို ဖိလစ်ပိုင်နိုင်ငံမှာ လွှင့်ထူခဲ့ပါတယ်။

အဆိုပါ ရုပ်တုဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဝါးရုပ်တုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

စိန့်ဗင်းဆင့်ရဲ့ ရုပ်တုကို ဘာယန်ဘန်းဒေသ ဝတ်ပြုဆုတောင်းဥယျာဉ်မှာ ပြုလုပ်ထားပြီး တရားဝင် တိုင်းတာမှုများ ဆောင်ရွက်ထားတယ်လို့ စံချိန်အကဲဖြတ်တဲ့ အဖွဲ့အစည်းက ဆိုပါတယ်။

တိုင်းတာမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ စိန့်ဗင်းဆင့် ရုပ်တုဟာ ကမ္ဘာ့အမြင့်ဆုံး ဝါးရုပ်တုအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါသတဲ့။

အဆိုပါရုပ်တုကို ဖန်တီးရာမှာ တစ်နှစ်ကြာမြင့်ခဲ့ပြီး ဝါးအချောင်းရေ နှစ်သောင်းကျော်၊ ဝါးတန်ချိန် ၆၀ အသုံးပြုခဲ့ရပါတယ်တဲ့။

စိန့်ဗင်းဆင့်ရဲ့ အနှစ်လေးရာပြည့် အခမ်းအနား ပွဲတော်အမီ အဆိုပါကက်သလစ်သူတော်စင်ရဲ့ ရုပ်တုကို ဖန်တီးထားတာ ဖြစ်ပါသတဲ့။

F-02