News

POST TYPE

ALSO IN NEWS

ကလေးကို အပေါင်ဆိုင်လာပို့တာကြောင့် ဆိုင်ရှင် ရဲတိုင်
14-May-2019

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က အပေါင်ဆိုင်တစ်ဆိုင်ကို ကလေးတစ်ယောက် လာပေါင်တာကြောင့် ဆိုင်ရှင်က ရဲကို သတင်းပေးတိုင်ကြားခဲ့ပါတယ်။ အမျိုးသားတစ်ဦးဟာ ကလေးကိုချီလာပြီး ကောင်တာပေါ် တင်လိုက်ကာ ဈေးဘယ်လောက်ရနိုင်မလဲလို့မေးကြောင်း ဆိုင်ရှင်ကပြောကြားပါတယ်။

“ကျွန်တော့်မှာတော့ ဒါပဲရှိတယ်ဗျာ။ မသုံးရသေးဘူး။ ခုနစ်လခွဲပဲ ရှိသေးတယ်။ ဘယ်လောက်ရမယ်ထင်လဲ”လို့ ကလေးအဖေ ရစ်ချက်ဆလိုကန်က ဆိုင်ရှင်ကို ပြောကြားပါတယ်။

ကလေးအဖေက လာနောက်တာပါလို့ ပြောပေမယ့် ဆိုင်ရှင်ကတော့ နောက်တယ်လို့ မထင်ပါဘူး။ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ထိခိုက်လိမ့်မယ်လို့ ယူဆပြီး ရဲကိုဖုန်းဆက်တိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးအဖေက နောက်တာပါလို့ပြောပေမယ့် ဆိုင်ရှင်က တာဝန်သိပြည်သူပီပီ ဆက်သွယ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။  ကလေးဟာ လုံခြုံ၊ ကျန်းမာပါကြောင်း စုံထောက်များက သက်သေပြနိုင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

F-02