News

POST TYPE

ALSO IN NEWS

သားရိုင်းတိရစ္ဆာန် ဟာသဓာတ်ပုံပြိုင်ပွဲ ပြုလုပ်သတဲ့
13-May-2019


နှစ်စဉ် သားရိုင်းတိရစ္ဆာန်များရဲ့ ဟာသပုံမြင်ကွင်းများကို ရိုက်ကူးဖော်ပြထားတဲ့ ဓာတ်ပုံများ ပါဝင်ယှဉ်ပြိုင်ကြတဲ့ Comedy Wildlife Photo Awards ပြိုင်ပွဲ ပြုလုပ်လေ့ရှိပါတယ်။ ဒီပြိုင်ပွဲဟာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို ဇွန်လ ၃၀ ရက်ပိုင်းအထိ ဓာတ်ပုံများ ပေးပို့တာကို လက်ခံနေတာ ဖြစ်ပါတယ်။ ဒါကြောင့် Comedy Wildlife Photo Awards သို့ ဓာတ်ပုံများပေးပို့ ယှဉ်ပြိုင်နိုင်ပါတယ်။ ဒီဆုကို တွမ်ဆူလန်နဲ့ ပေါလ်ဂျွန်ဆင်ဟစ်ခ်တို့က ထူထောင်တာဖြစ်ပြီးတော့ သားရိုင်းလောကကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ စတင်တာဖြစ်ပါတယ်။ Born Free Foundation အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီးတော့ ပြိုင်ပွဲကို ပြုလုပ်တာပါ။ တင်သွင်းလာတဲ့ပုံတွေက တကယ် ကောင်းမွန်လှပြီး ရယ်ချင်စဖွယ် ဖြစ်ပါတယ်။ တချို့ပုံတွေအတွက်တော့ ပုံစာထိုးထားတာက အသက်ဖြစ်ပါတယ်။

F-02