News

POST TYPE

ALSO IN NEWS

အထက်တန်းကျောင်း ဝန်ထမ်းများစာရင်းမှာ ပါဝင်လာတဲ့ ခွေးတစ်ကောင်
12-May-2019

အမေရိကန်ပြည်ထောင်စု အာကန်ဆက်ပြည်နယ် အထက်တန်းကျောင်းတစ်ကျောင်းက လုံခြုံရေး ခွေးတစ်ကောင်ဟာ ကျောင်းနှစ်စဉ်မှတ်တမ်းစာအုပ်မှာ ဝန်ထမ်းတစ်ယောက်အဖြစ် ထည့်သွင်းဖော်ပြ အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဘရိုယန်မြို့ အထက်တန်းကျောင်း နှစ်စဉ် မှတ်တမ်းစာအုပ်မှာပါလာတဲ့ ခွေးကလေးရဲ့ပုံကို မြို့နယ်ရဲဌာနက Facebook ပေါ်ကို ဓာတ်ပုံတင်ပေးခဲ့ပါသတဲ့။ ကျောင်းဝန်ထမ်းတွေထဲမှာ ယခင် ရဲခွေးဟောင်း တာဝန်ယူဖူးတဲ့ ကျောင်းရဲ့ လုံခြုံရေးအရာရှိတစ်ဦးအဖြစ် ခွေးကလေး မိုင်ယာတာဗင်ကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ 

“ဒီပုံကိုကြည့်ခြင်းအားဖြင့် ဘရိုင်ယန်ရဲတပ်ဖွဲ့ရဲ့ အကောင်းဆုံးရဲခွေးလေးဟာ ဒီနှစ် ကျောင်းရဲ့ နှစ်စဉ် မှတ်တမ်းထဲမှာ ပါလာခဲ့ပါပြီ။ ထူးချွန်ပါပေတယ်မိုင်ယာ။ မင်းဟာ ရဲတပ်ဖွဲ့ကို နာမည်ကောင်းရစေပါတယ်”လို့ ရဲစခန်းရဲ့ Facebook က ဖော်ပြထားပါတယ်။ 

“တစ်နှစ်တာ မှတ်တမ်းစာအုပ်ကို အိမ်ယူလာပြီး ကျွန်မသားက ကျောင်းဝန်ထမ်းထဲက သူအကြိုက်ဆုံး တစ်ယောက်ကိုပြပါတယ်။ ဒါလေးက သိပ်ကောင်းပါတယ်”လို့ ကျောင်းသားမိဘတစ်ဦးက ရဲစခန်းရဲ့ Facebook ဓာတ်ပုံအောက်မှာ မှတ်ချက် လာရေးထားပါတယ်။

မူးယစ်ဆေးဝါး အနံ့ခံတဲ့ခွေး ကျောင်းမှာ မရှိသင့်ပါဘူး။ ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ပိတ်ထားရာ ရောက်တယ်လို့ မှတ်ချက်ပြုဝေဖန်သူလည်း ရှိပါတယ်။

F-02