News

POST TYPE

ALSO IN NEWS

ISIS တွေက အသေခံ ခွေးတွေနဲ့ တိုက်ခိုက်လိမ့်မယ်လို့ အီရတ်စစ်တပ်ပြော
07-Nov-2016
အီရတ်နိုင်ငံရှိ ISIS တွေ အခြေစိုက်ရာ မိုဆူးလ်မြို့ကို အီရတ်စစ်တပ်က မြို့သိမ်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။ မြို့ထဲက ISIS တွေဟာ အီရတ်စစ်တပ်ကို ပြန်တိုက်ဖို့အတွက် အသေခံခွေးတွေ အကောင် ၆၀၀ လောက်ကို အသုံးပြုမှာ ဖြစ်တယ်လို့ အီရတ်စစ်တပ်မှ အရာရှိတစ်ဦးက ဆိုပါတယ်။ အီရတ်စစ်တပ်က အပူရှာဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာမို့ အသေခံ ISIS တိုက်ခိုက်ရေးသမားတွေ အနီးကို မကပ်နိုင် ဖြစ်နေပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်သမားတွေက ခွေးတွေကို အသုံးပြုပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်တဲ့။ မိုဆူးလ်မြို့အနီး စစ်မျက်နှာတွေကို ISIS က အသေခံ ဗုံးခွဲတိုက်ခိုက်မှု အကြိမ်တစ်ရာလောက် လုပ်ခဲ့ပေမယ့် အီရတ်တပ်တွေ စစ်ချီတက်လာတာကို မတားနိုင်ပါဘူး။

စစ်သားတွေ အားလုံးကိုလည်း IS ရဲ့ ခွေးနဲ့ အသေခံ ဗုံးခွဲမယ့် အစီအစဉ်တွေကို သတင်းပို့ထားပြီး ဖြစ်တယ်လို့ အီရတ်စစ်တပ်အရာရှိ ဖာမီအဘတ်စ်က ပြောကြားထားပါတယ်။

မိုဆူးလ်မြို့က ISIS ရဲ့ အခြေအနေတွေက လက်နက်ချရင်ချ၊ မချရင် အသတ်ခံဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ အီရတ်စစ်တပ် အရာရှိတွေက ဆိုကြပါတယ်။

UPI