News

POST TYPE

ALSO IN NEWS

သေဒဏ် ပေးခံထားရတဲ့ခွေး DNA စစ်ဆေးပြီးနောက် ပြန်လည်လွတ်မြောက်
03-Nov-2016
အမေရိကန် ပြည်ထောင်စု မီချီဂန်ပြည်နယ်က ခွေးတစ်ကောင်ဟာ အိမ်နီးချင်း ခွေးတစ်ကောင်ကို ကိုက်သတ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး သေဒဏ် ကျခံခဲ့ရပါတယ်။

ဒါပေမဲ့ DNA စစ်ဆေး ကြည့်လိုက်တဲ့ အခါမှာတော့ တရားခံရဲ့ DNA နဲ့ မကိုက်ညီတာမို့ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။ ဂျက်ဘ်လို့ အမည်ရတဲ့ ဘယ်ဂျီယံခွေး အမျိုးအစားလေးဟာ ပိုင်ရှင်ဖြစ်သူထံ ပြန်လာခဲ့ပါပြီ။ စိတ်မကောင်း ဖြစ်နေတဲ့ပိုင်ရှင် မစ္စတာ ကက်နက်ဂျော့ဘ်က သူ့ခွေးဟာ တော်တော် ပိန်သွားကြောင်း၊ အသက်ရှင်လျက်တော့ ရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

တရားခံအဖြစ် စွပ်စွဲခံရသူ ဂျက်ဘ်ဟာ သေဆုံးသူ ခွေးပေါ်မှာ ရပ်နေတာကို အခင်းဖြစ်တဲ့နေ့က တွေ့ရှိခဲ့ရပါသတဲ့။ အကောင်ကြီး တစ်ကောင်ကောင်က ကိုက်ပြီးတော့ ဆွဲခါလိုက်တဲ့အတွက် သေဆုံးရခြင်း ဖြစ်တယ်လို့ စစ်ဆေးမှုတွေက တွေ့ရှိရပါတယ်။ တရားသူကြီးက ဂျက်ဘ်ကို သေဒဏ်ပေး ဆေးထိုးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးတဲ့ ခွေးကလေးဆီက ဒဏ်ရာနဲ့ DNA တိုက်ဆိုင် စစ်ဆေးဖို့တော့ သဘောတူခဲ့ပါတယ်။ ခုတော့ စစ်ဆေးချက်တွေအရ တရားခံဟာ သူမဟုတ်တဲ့အတွက် အမှုက လွတ်မြောက်ပြီး အိမ်မှာ နေရပါပြီ။ အိမ်ရှင်ကတော့ ခြံစည်းရိုးထဲမှာပဲ ထားဖို့ သဘောတူရပါတယ်။ 



  • VIA