News

POST TYPE

ALSO IN NEWS

ရဲကားကို ခိုးပြီး Facebook မှာ LIVE VIDEO တင်သူ အဖမ်းခံရပြီ
02-Nov-2016
နောက်တယ် ပြောင်တယ်ဆိုတာက အငြိမ့်ထဲမှာပဲ ကောင်းပါတယ်။ အပြင်မှာ ဆိုရင်တော့ အဖမ်း ခံရနိုင်ပါသဗျ။ အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား ပြည်နယ်သား တစ်ယောက်ကတော့ ရဲကားကို တက်မောင်း သွားပြီး ကားပေါ်ကနေ Facebook Live လွှင့်လိုက်ပါသေးသတဲ့။ ရဲအရာရှိက ကော်ဖီ ဆင်းဝယ်ရာမှာ ကားကို သော့တန်းလန်းနဲ့ ထားခဲ့ချိန်မှာ ယူခဲ့တာ ဖြစ်ပါတယ်။ ကားယူသွားသူ မစ္စတာဂျွန်ပင်နီဟာ အရက် သောက်ထားခြင်း မရှိဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောကြားပါတယ်။ ကားပေါ် မှာ တွေ့ရတဲ့ ရဲအရာရှိရဲ့ iPad ကနေ Facebook Live ဗီဒီယို တင်နေတာ ဖြစ်ပါသတဲ့။ ဗီဒီယိုထဲမှာ သူက ရဲကားကို ဘယ်လိုဘယ်ပုံ ယူလာသလဲဆိုတာ ကြွားလုံး ထုတ်နေခဲ့ပါသတဲ့။ ခုဆိုရင် သူ့ကို အမှုပေါင်း များစွာနဲ့ အရေးယူထားပါပြီ။ အရင်ကလည်း အဖမ်းခံရဖူးတဲ့ ပြစ်မှုမှတ်တမ်း ရှိပါသတဲ့။ 



  • VIA