News

POST TYPE

ALSO IN NEWS

ဂျိမ်းစ်ဘွန်းလို စပိုင်မျိုးကို အလုပ်မခန့်ဟု ဗြိတိန်ထောက်လှမ်းရေးချုပ်ပြောကြား
01-Nov-2016
မိန်းကလေးတွေကို ဆွဲဆောင်ညို့ငင်တတ်ပြီး ကမ္ဘာကြီးကို မကြာခဏကယ်တင် တတ်တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကောင်လိုမျိုး ထောက်လှမ်းရေးစပိုင်ကို ဗြိတိန် MI6 က မလိုချင်ပါဘူးတဲ့။ MI6 ရဲ့ အကြီးအကဲ မစ္စတာ အဲလက်စ်ယန်းဂါးက ဂျိမ်းစ်ဘွန်းလို လူမျိုးကို မလိုချင်ပါဘူးလို့ အတိအလင်း ပြောလိုက်ပါတယ်။

ထောက်လှမ်းရေးကောင်း တစ်ယောက်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရမှာ ဖြစ်သလို ကျင့်ဝတ်ပိုင်းလည်း အားကောင်းရမယ်လို့ မစ္စတာ ယန်းဂါးက ပြောကြားပါတယ်။ 

ဂျိမ်းစ်ဘွန်းဟာ အားကောင်းတဲ့ ကျင့်ဝတ်လိုက်နာ စာရိတ္တ ကောင်းသူတစ်ဦး မဟုတ်ဘူးလို့ MI6 ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။

“MI6 အေးဂျင့်တွေဟာ အလုပ်ပြီးမြောက်ဖို့အတွက် ဂျိမ်းစ်ဘွန်းလိုမျိုး အလွယ်လမ်းတွေ လုပ်ကြတာ မဟုတ်ပါဘူး”လို့ ဗြိတိန်နေ့စဉ်ထုတ် စာစောင်တစ်ခုနဲ့ အင်တာဗျူး မှာ ပြောကြားခဲ့ပါတယ်။

''ကျွန်တော်တို့ အလုပ်ခေါ်လို့ အလုပ်လာလျှောက်ရင် ဂျိမ်းစ်ဘွန်းဟာ အလုပ်မရမှာ သေချာပါတယ်''လို့ သူက ပြောပါသေးတယ်။ 

ဗြိတိန်ထောက်လှမ်းရေးအရာရှိတိုင်းဟာ ဘွန်းရဲ့ အရည်အသွေးတွေဖြစ်တဲ့ ကြံ့ကြံ့ခံနိုင်မှု၊ မျိုးချစ်စိတ်တို့တော့ အပြည့်အဝ ရှိကြတယ်လို့ ဗြိတိန်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

ထောက်လှမ်းရေးကောင်းတွေဟာ ဥပဒေကိုလေးစားကြသလို အဖွဲ့အစည်းလိုက် လည်း အလုပ်လုပ်ကြသူတွေဖြစ်ပါတယ်လို့လည်း သူက ဆိုပါတယ်။
တစ်ကိုယ်တော်ကြဲတဲ့ ဂျိမ်းစ်ဘွန်းကြီးတော့  MI6 မှာ အလုပ်ရဖို့ မဖြစ်နိုင်တာ သေချာသွားခဲ့ပါပြီ။
Ref  UPI 



  • VIA