News

POST TYPE

ALSO IN NEWS

ချီလီသမ္မတကြီး မဲလာပေးရာ မဲရုံမှာ မှတ်ပုံတင် မေ့ကျန်ခဲ့
30-Oct-2016
အလုပ်တွေ အများကြီး လုပ်နေရတော့ စိတ်များနေတော့ ဟိုမေ့ဒီမေ့ ဖြစ်တတ်သူတွေထဲမှာ ချီလီသမ္မတကြီး မီရှဲဘာချလက်လည်း ပါဝင်ပါတယ်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ပြီးခဲ့တဲ့ တနင်္ဂနွေက ပြုလုပ်ရာမှာ ချီလီ သမ္မတကြီး မီရှဲဘာချလက်ဟာ မဲရုံမှာ မှတ်ပုံတင်ကဒ်ကို ထားခဲ့မိလို့ နောက်တစ်ခေါက် ပြန်လာခဲ့ရ ပါသတဲ့။

မြို့တော် ဆင်တီယေဂိုက လူလတ်တန်းစား ရပ်ကွက်တစ်ခုက မဲရုံကို သမ္မတကြီး လာရောက်ခဲ့ပြီးတော့ မှတ်ပုံတင် ပြန်ယူသွားဖို့ မေ့ခဲ့တာ ဖြစ်ပါတယ်။

မဲရုံကို နောက်တစ်ခေါက် ပြန်လာပြီး မှတ်ပုံတင် ကိုယ်တိုင် လာပြန်တောင်းရပြီးတော့မှ မီဒီယာ တွေ့ဆုံပွဲ လုပ်ခဲ့ရပါသတဲ့။

“ရှင်တို့ကို လွမ်းလို့ ပြန်လာတာပါရှင့်”ဆိုပြီးတော့ သမ္မတကြီးက မဲရုံလုပ်သားတွေကို အရွှန်းဖောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့မှာ အလုပ်တွေက များနေတော့ မဲရုံမှာ မဲပေးပြီးပါကြောင်း လက်မှတ်ထိုးပေးခဲ့ဖို့လည်း မေ့သွားသေးတယ်လို့ သမ္မတက ဆိုပါတယ်။

ချီလီမှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ပြုလုပ်နေပြီး ကောင်စီဝင်တွေနဲ့ မြို့တော်ဝန်တွေကို ရွေးကောက်တာ ဖြစ်ပါတယ်တဲ့။

Ref : UPI


  • VIA