News

POST TYPE

ALSO IN NEWS

ထီထိုးတာ ငွေဖြုန်းတာလို့ သက်သေပြဖို့ ထီထိုးတော့ ဒေါ်လာတစ်သန်း ဆုပေါက်
30-Oct-2016
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်သူ အမျိုးသမီးတစ်ဦးဟာ အမေရိကန်ဒေါ်လာ တစ်သန်း ထီဆုပေါက်သွားပါတယ်။

ထီပေါက်တာ မဆန်းပေမယ့် ထီပေါက်ရတဲ့ အကြောင်းရင်းက ဆန်းကြယ်ပါတယ်။ ဂလန်ဒါဘလက်ဝဲလို့ အမည်ရတဲ့ ဒီအမျိုးသမီးဟာ ထီထိုးခြင်းဟာ ငွေဖြုန်းတာ သက်သက်လို့ ခင်ပွန်းသည်ကို သက်သေပြလိုတဲ့ သဘောနဲ့ ထီထိုးပြခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မက ယောက်ျားကို သိပ်မကျေနပ်ခဲ့ပါဘူး။ ဒါကြောင့် ထီထိုးတယ်ဆိုတာ ငွေဖြုန်းတာပဲလို့ ပြောခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

“ခုတော့ ကျွန်မ မှားပါတယ်လို့ ယောက်ျားကို ဝန်ခံရတော့မှာပဲ၊ ဝန်ခံရတာ တန်ပါတယ်လေ” လို့လည်း ဆိုပါတယ်။

အိမ်ဝယ်မယ်၊ မြေးတွေကို ကောလိပ်တက်ဖို့ ငွေစုထားပေးမယ်လို့လည်း ဘွားအေဖြစ်သူ ဒေါ်ကံကောင်းက ပြောပြပါတယ်။ 

Ref: UPI