News

POST TYPE

ALSO IN NEWS

ကလေးများနဲ့ ရဲများ တစ်ဖက်စီခွဲ၍ နှင်းလုံးပေါက်တမ်း ကစားကြသတဲ့
09-Feb-2019


ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေနဲ့ အတူ တစ်သားတည်းနေပြီး ပြည်သူ့လုံခြုံရေး ဆောင်ရွက်ရသူတွေဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူနဲ့ ဘယ်လောက်တောင် တစ်သားတည်းဖြစ်သလဲဆိုရင် ကလေးတွေနဲ့တောင် နှင်းလုံးပေါက် တိုက်ပွဲဝင်တမ်း ကစားနေကြပါသတဲ့။

ကလေးတွေနဲ့ အပြန်အလှန်နှင်းလုံး ပေါက်ခဲ့ကြပြီး ရဲတွေက ဒိုင်းတွေနဲ့ ကာထားတာမို့ ပထမပိုင်း အသာစီးရထားတယ်လို့ နယ်မြေရဲစခန်းက Facebook မှာ ဗီဒီယို တင်ထားပါတယ်။

ဒါပေမဲ့ ကလေးတွေက အင်အားများ လာတာမို့ ရဲတွေဟာ ပြန်ဆုတ်ခဲ့ရပေမယ့် ရဲတစ်ဦးထဲ ကျန်ခဲ့တာမို့ ဝိုင်းသမခံခဲ့ရသေးတယ်လို့ သူတို့က ရေးထားပါတယ်။

ရဲတွေဟာ အဲဒီဗီဒိယိုကို အက်ရှင်ဇာတ်ကားတွေထဲက တီးလုံးအတိုင်း နောက်ခံဖော်ပြထားပြီး တကယ့် ရဲကားကြီးတွေနဲ့ ချီတက်ကြတာပါ။

ဟာသဗီဒီယိုထဲမှာတော့ ကလေးတွေ လက်ချက်နဲ့ ရဲတွေ ပြန်ထွက်ပြေးရတာကို ဖော်ပြထားပါတယ်။

F-02