News

POST TYPE

ALSO IN NEWS

ရွေးကောက်ပွဲ မကျင်းပဘဲ သူ့ကိုသာ အနိုင်ပေးဖို့ ဒေါ်နယ်ထရမ့်ပြော
29-Oct-2016
အမြဲတမ်း အများ ပွဲကျအောင်၊ ဒေါသ ထွက်အောင် ပြောတတ်တဲ့ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ ရွေးကောက်ပွဲ မလုပ်တော့ဘဲ သူ့ကိုသာ အနိုင် ကြေညာပေးလိုက်ခြင်းက အလုပ်သင့်ဆုံးလို့ ပြောလိုက်ပြန်ပါပြီ။

ထိုစကားကို သူက ထောက်ခံသူများ စုဝေးပွဲ တစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ တရားမျှတနိုင်ခြေ မရှိဘူးလို့လည်း မကြာသေးခင်က ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသေးတယ်။

သမ္မတအိုဘားမားကတော့ ဒေါ်နယ်ထရမ့်ဟာ လူအများကို လေးစားတတ်သူ မဟုတ်တာကြောင့် သမ္မတအလုပ် မပြောနဲ့၊ စတိုးဆိုင်မှာတောင် အလုပ် မရနိုင်ဘူးလို့ ဝေဖန် လိုက်ပါတယ်။

အိုဘားမားဟာ ရုရှားသမ္မတ ပူတင်လောက် အရည်အချင်း မရှိဘူးလို့လည်း ဒေါ်နယ်ထရမ့်က ပြန်ပြောဖူးပါတယ်။

သူသာ ရာထူး ရမယ်ဆိုရင် မက္ကဆီကို နယ်စပ်ကို တံတိုင်းကြီး ကာပစ်မယ်တို့၊ အမျိုးသမီး အချို့ကိုလည်း ဝက်မနဲ့တူတယ်တို့ စတဲ့ စကားတွေလည်း မကြာခဏ ပြောလေ့ ရှိပါတယ်။
   
Ref : UPI


  • VIA