News

POST TYPE

ALSO IN NEWS

တရုတ် အကြီးဆုံး အင်တာနက် ရောင်းဝယ်ရေး ဝက်ဘ်ဆိုဒ် Alibaba က အရောင်းမြှင့်တင်ရေးအတွက် ကြောင်တစ်ကောင် ရှာဖွေ
29-Oct-2016

တရုတ်နိုင်ငံရဲ့လက်ရှိ အကြီးမားဆုံး အင်တာနက် အခြေပြု ရောင်းဝယ်ရေး လုပ်ငန်းကြီး Alibaba ဟာ သူတို့ရဲ့ အထူး အရောင်းမြှင့်တင်ပွဲနေ့မှာ လူအများကို ပိုမို ဆွဲဆောင်နိုင်ဖို့အတွက် တာဝန်ပေးဖို့ ကြောင်တစ်ကောင်ကို ရှာဖွေလျက် ရှိပါတယ်။

 

၁၁ ရက်၊ ၁၁ လမှာပြုလုပ်မယ့် အထူး အရောင်း မြှင့်တင်ပွဲနေ့မှာ ပုံမှန် အရောင်းမြှင့်တင်ရေး နည်းလမ်းတွေအပြင် ချစ်စရာ ကောင်းတဲ့ ကြောင်တစ်ကောင်ကို Chief Maimeng Officer ဆိုတဲ့ ရာထူးပေးပြီး လူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ဖို့ Alibaba က စီစဉ်နေတာပါ။

 

Maimeng ဆိုတာကတော့ တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ အင်တာနက် ဘန်းစကား တစ်ခုဖြစ်ပြီး ချစ်စရာ အသွင်အပြင်နဲ့ လူတွေကို ဆွဲဆောင်ခြင်းလို့ အဓိပ္ပာယ် ရပါတယ်။

 

Alibaba က ခေါ်ယူထားတဲ့ ဒီရာထူးနေရာအတွက် ကမ္ဘာတစ်ဝန်းက ဘယ်ကြောင်မဆို ဝင်ရောက် လျှောက်ထားနိုင်ပြီး လက်တလော အင်တာနက် လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကြောင်တွေ ဝင်ရောက် လျှောက်ထားဖွယ် ရှိနေပါတယ်။

 

Ref : Daily Mail



  • VIA