News

POST TYPE

ALSO IN NEWS

ခွေးလောက်အရွယ်ရှိတဲ့ အိမ်မွေးယုန်ကြီး ပျောက်သွားလို့တဲ့
31-Jan-2019


အမေရိကန်ပြည်ထောင်စု တန်နက်စီပြည်နယ်က မိသားစုတစ်စုဟာ ခွေးတစ်ကောင်လောက် အရွယ်ရှိတဲ့ သူတို့ရဲ့ အိမ်မွေးယုန်ကြီးပျောက်သွားလို့ ကူညီကြပါဦးဆိုပြီး အများပြည်သူကို အကူအညီတောင်းထားပါတယ်။ နော့သ်နော့စဗီးဒေသက သူ့သားဖြစ်သူရဲ့ အိမ်ကနေ အဆိုပါယုန် ပျောက်သွားတယ်လို့ DJ ကော်ကိုရန်က ပြောကြားထားတာဖြစ်ပါတယ်။ ဖလန်းမစ်ရှ် အကောင်ကြီးအမျိုးအစားယုန်ဟာ ကမ္ဘာ့အကြီးဆုံးယုန်မျိုးနွယ် ဖြစ်ပါတယ်။ ယုန်ဟာ အရွယ်အစားအားဖြင့် ထွားကျိုင်းပေမယ့် တိတ်ဆိတ်ညင်သာသူ ဖြစ်ပါတယ်လို့ ယုန်ပိုင်ရှင်က ပြောကြားထားပါတယ်။ ယုန်ထွားကြီးရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၂၀ လောက်ရှိပါသတဲ့။ အိမ်နီးချင်းတွေနဲ့ ရပ်ကွက်သူရပ်ကွက်သားများအနေနဲ့ အဆိုပါယုန်ကြီးကို ကူရှာပေးဖို့ ကော်ကိုရန်ရဲ့ဇနီးဖြစ်သူ ဝမ်ဒီကလည်း Facebook ပေါ် တက်ရေးထားပါတယ်။

F-02