News

POST TYPE

ALSO IN NEWS

မိချောင်းကို အချစ်တော်မွေးလိုက်မှ စိတ်ကျဝေဒနာသက်သာ
27-Jan-2019


အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်က အမျိုးသားတစ်ဦးဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို အထောက်အပံ့ပြုပေးတဲ့ မိချောင်းလေးကြောင့် စိတ်ကျဝေဒနာ သက်သာခဲ့တယ်လို့ ပြောကြားပါတယ်။

မိချောင်းဟာ ၅ ပေလောက်ရှိနေပြီဖြစ်ပေမယ့် သူဟာ နမ်းတာ၊ ဖက်တာတွေလုပ်ပြီး မွေးနေတာဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် မစ္စတာဂျိုရီဟန်နေးက ဆိုပါတယ်။

အဆိုပါ မိချောင်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် မှတ်ပုံတင်ထားပြီး ဝါလီလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

စိတ်ကျဝေဒနာအတွက် ဆေးမသောက်ချင်ဘူးဆိုရင် ဝါလီကို စိတ်ပိုင်းဆိုင်ရာ အထောက်အကူပေး အိမ်မွေးတိရစ္ဆာန်အဖြစ် အသုံးပြုကြည့်ဖို့ ဆရာဝန်က အကြံပေးတာ ဖြစ်ပါတယ်လို့ ယောက်ခ်ဟဲဗန်း ဒေသခံ အမျိုးသားကြီးက ပြောကြားပါတယ်။

“ကျွန်တော့်မှာ ဝါလီ ရှိနေပါပြီ။ အိမ်ပြန်လာတဲ့အခါ သူက ကျွန်တော့်ဘေးမှာ အမြဲရှိပါတယ်။  အဆင်ပြေပါတယ်”လို့ ၎င်းက ပြောကြားပါတယ်။

တချို့သူတွေဟာ ထူးဆန်းတဲ့ သားရိုင်းတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြပြီး မိချောင်းသာမက၊ တောင်ခြင်္သေ့၊ ကျား၊ သိမ်းငှက်စတာတွေကိုပါ မွေးကြပါသတဲ့။

F-02