News

POST TYPE

ALSO IN NEWS

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ဖိုက်တာဟီးရိုးပုံစံ လုပ်ထားတဲ့ ဂျပန်ကာတွန်း ရုပ်ရှင်တို ထွက်ရှိ
27-Oct-2016
ဂျပန်အန်နမီလို့ ခေါ်ကြတဲ့ ဂျပန်ပုံစံ ကာတွန်း လှုပ်ရှားမှုရုပ်ရှင် ပုံစံဒီဇိုင်းနဲ့ ဖိလစ်ပိုင်သမ္မတ လူကြမ်းကြီး ရိုဒရီဂို ဒူတာတေးကို ဂုဏ်ပြုထားတဲ့ ဗီဒီယိုလေး Youtube မှာ လူကြည့် များနေပါတယ်။ တစ်မိနစ်ခွဲလောက်ပဲကြာတဲ့ ဒီဗီဒီယိုကို El President လို့ အမည်ပေးထားပြီးတော့ ဒူတာတေးရဲ့ ရိုးရှင်းစွာနေတဲ့ ပုံစံနဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် ပြတ်သားပုံကို ဖော်ပြထားပါတယ်။

ဗီဒီယိုမှာ ဒူတာတေးဟာ သာမန်ပြည်သူတွေ ဝတ်ဆင်တဲ့ ဝတ်စု့နဲ့ ညှပ်ဖိနပ်ကို စီးထားပြီးတော့ ပလက်စတစ်ခုံလေးပေါ်ကနေ မီဒီယာတွေ မေးမြန်းသမျှကို ဖြေနေတဲ့ပုံကိုလည်း သရုပ်ဖော်ထားပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းသားတွေကို သူဘယ်လို ဆော်တယ်၊ နှက်တယ်ဆိုတာကို ဖော်ပြထားပြီး ဖိလစ်ပိုင် ပြည်သူတွေက ဘယ်လောက် ချစ်ကြတယ် ဆိုတာကိုလည်း သရုပ်ဖော်ပြထားပါတယ်။

သမ္မတကြီးဟာ သားရေဂျာကင် ဝတ်ပြီး လက်စွဲတော် မော်တော်ဆိုင်ကယ်နဲ့ ရှေ့ဆုံးက တိုက်ပွဲဝင်နေတာကို ပြထားပါသေးတယ်။ မူးယစ်ဂိုဏ်းသားတွေနဲ့သာမက အစိမ်းရောင် လူဆိုးကြီးနဲ့လည်း တိုက်ခိုက်ပါသေးတယ်။ အစိမ်းရောင် လူဆိုးကြီးဟာ ဒူတာတေးရဲ့ပြိုင်ဘက် လွှတ်တော်အမတ် လိုင်လာဒီလီမာနဲ့ တူအောင် ပုံရေးဆွဲထားပါသေးတယ်။ ဒူတာတေးဟာ သူ့ရဲ့ ပြည်ထောင်စု အခြေပြမိန့်ခွန်း ပြောတဲ့ပုံစံကိုလည်း ဗီဒီယိုမှာ ပါဝင်ပြီး ဂျပန်အစိုးရနဲ့ လက်တွဲသွားမယ်ဆိုတဲ့ သရုပ်ဖော်ချက်တွေကိုလည်း တွေ့ရှိရပါတယ်။

Ref : UPI



  • VIA