News

POST TYPE

ALSO IN NEWS

မောင်းသူမဲ့ ထရပ်ကားနဲ့ မိုင် ၁၂ဝ ကျော်ကို ဘီယာပို့
26-Oct-2016
မောင်းသူမဲ့ ယာဉ်ဆိုပေမယ့် သေးသေးကွေးကွေးတော့ မဟုတ်ပါဘူး။ ကုန်တင် ထရပ်ကားတွဲကြီးပါ။ ဒီယာဉ်ကြီးဟာ မိုင်ပေါင်း ၁၂ဝ ကျော် သွားခဲ့ပြီး ကိုလိုရာဒို ပြည်နယ်တစ်လျှောက်က ဆိုင်တွေဆီ ဘီယာ လိုက်ပို့ခဲ့တာဖြစ်ပါတယ်။ မောင်းသူမဲ့ ထရပ်ကားတွေထုတ်လုပ်ရာ ဥအအသ ကုမ္ပဏီနဲ့ပေါင်းပြီး ဒီခရီးစဉ်ကို စီစဉ်ခဲ့တာပါလို့ စီစဉ်တဲ့ကုမ္ပဏီက ပြောပါတယ်။ လုပ်ငန်းကျွမ်းကျင်တဲ့ ထရပ်ကားမောင်းဆရာတစ်ဦး က ယာဉ်မောင်းထိုင်ခုံနောက်က နားနေခန်းထဲမှာ အဆင်သင့် ပါလာပေမဲ့ ဝင်တော့ မမောင်းရပါဘူး။ လိုအပ်ရင် ယာဉ်ကို ဝင်ပြီး ထိန်းချုပ်ဖို့အတွက်သာ ကျွမ်းကျင် ယာဉ်မောင်းက ကားပေါ် လိုက်လာတာဖြစ်ပြီး သူက  မမောင်းဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်ခဲ့တာပါ။ ရှေ့လျှောက် မောင်းသူမဲ့ ကားနည်းပညာကို ပိုပြီး မြင်လာရတော့မယ်လို့ Anheuser-Busch ကုမ္ပဏီက ပြောထားပါတယ်။ မောင်းသူမဲ့ ထရပ်ကားကြီးပေါ်က ဘီယာတွေကတော့ အမေရိကန်ဘီယာ ဘက်ဒ်ဝိုက်ဆာ အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။      

Ref : UPI


  • VIA