News

POST TYPE

ALSO IN NEWS

သစ်ပင်လူသား အဖမ်းခံရ
25-Oct-2016

အမေရိကန်ပြည်ထောင်စု ပို့လန်းမြို့မှာ သစ်ပင်လူသား အဖမ်း ခံလိုက်ရပါပြီ။ သစ်ပင်လူသားဆိုတာ မာဘယ် သူရဲကောင်းတွေလိုပဲ သစ်ပင် ဝတ်စုံနဲ့ လမ်းမပေါ် သွားနေသူပါ။ ယာဉ်သွား ယာဉ်လာတွေ ပိတ်သွားအောင် လုပ်ဆောင်ခဲ့တာမို့ ခုလိုမျိုး အရေး ယူရတာပါလို့ ရဲတွေက ဆိုပါတယ်။ သစ်ပင်လူသားဟာ လမ်းဆုံ လမ်းခွမှာ လမ်းကို ဖြည်းညင်းစွာ ကူးနေတာ ဖြစ်ပါတယ်။ သစ်ပင်ကြီးက လမ်းထလျှောက်နေတဲ့ပုံစံ တင်ဆက်ပြသ ခဲ့တာပါ။ ဒါပေမဲ့ လမ်းပိတ်သွားတာမို့ ရဲတွေကတော့ ဒီလှုပ်ရှားမှုကို အများပြည်သူကို နှောင့်ယှက်မှုလို့ပဲ မြင်လိုက်ပါတော့တယ်။ သစ်ပင်လူသားရဲ့ လမ်းဖြတ်ကူးတဲ့ စွန့်စားခန်းကို ပရိသတ် အတော် များများ ရခဲ့ပြီး ဗီဒီယိုဓာတ်ပုံများ ဝိုင်းဝန်း ရိုက်ကူးခဲ့ကြပါတယ်။ သစ်ပင် လူသားရဲ့အမည်က အက်ရှာဝုဒ်ဝေါ့ ဖြစ်ပြီး အသက် ၃ဝ အရွယ်ရောက်နေပါပြီ။ သူက သစ်ပင်ကြီး လမ်း လျှောက်နေတာကို ကြည့်ပြီး လူတွေ ဘယ်လို့ တုံ့ပြန်ကြသလဲ ဆိုတာကို လေ့လာ ကြည့်တာလို့ ဆိုပါတယ်။

 

Ref : UPI



  • VIA