News

POST TYPE

ALSO IN NEWS

နှစ် ၅ဝ က ပို့ခဲ့တဲ့ပို့စ်ကတ် ခုမှရောက်လာလို့ သြစတြေးလျ စာတိုက်ကြီး တောင်းပန်
24-Oct-2016

တောင်ပစိဖိတ် ကျွန်းလေး တစ်ခုကနေ ပို့လိုက်တဲ့ ပို့စ်ကတ် တစ်စောင်ဟာ ရာစုနှစ်ဝက်လောက်ကြာမှ ရောက်လာတဲ့အတွက် သြစတြေးလျ စာတိုက်ကြီးက တောင်းပန်လိုက်ပါတယ်။ 

တီဟီတီကျွန်း တစ်ကျွန်းကနေ ၁၉၆၆ ခုနှစ်တုန်းက ပို့လိုက်တဲ့ ပို့စ်ကတ်လေးဟာ သြစတြေးလျနိုင်ငံ အဒီလိတ်မြို့က စုံတွဲထံကို ရောက်လာခဲ့ပါတယ်။ ခရစ်စ်ဆိုသူက ရောဘတ်ဂျော်ဂျီယိုထံ ပို့လိုက်တဲ့ ပို့စ်ကတ်လေးဟာ အနည်းငယ်တောင် အရောင်မှိန်နေပါပြီတဲ့။ ကျွန်းပေါ်က ဆိပ်ကမ်းမြင်ကွင်း တစ်ခုပုံဖြစ်ပြီး “ရာသီဥတုက ရေငွေ့ပါပေမယ့် သဘောကျပါတယ်”လို့ ပို့လိုက်သူက ရေးထားပါတယ်။ ၁၃ ဖရန့်စ်တန် တံဆိပ်ခေါင်း ကပ်ပြီး ပို့လိုက်တဲ့ ဒီစာအိတ်က ခုမှပဲ ရောက်လာတာ ဖြစ်ပါသတဲ့။ လိပ်မူထားတဲ့ ဂျော်ဂျီယို ဆိုသူဟာ သူတို့အိမ်ရဲ့ နဂိုအိမ်ရှင် ဖြစ်ပါလိမ့်မယ်လို့ လက်ရှိ နေထိုင်သူ တင်ဒက်ဖီက ပြောကြားခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ပြင်သစ် ပိုလီနီးရှားကျွန်းက ပို့လိုက်တဲ့ ပို့စ်ကဒ်လေးဟာ တစ်ခုခု အမှားအယွင်း ဖြစ်ပြီးတော့ ခုလောက် ကြာသွားတာ ဖြစ်ပါကြောင်း၊ အဆင် မပြေမှုများအတွက် တောင်းပန်ပါကြောင်း၊ စာတိုက်ကြီး ပြောခွင့်ရအရာရှိ တစ်ဦးက တောင်းပန်ထားပါတယ်။ 

“သြစတြေးလျ စာတိုက်ဟာ အချိန်မှန်၊ လုံခြုံစိတ်ချစွာနဲ့ ထိရောက်စွာ ပို့ဆောင်ပေးမှုတွေကြောင့် ဂုဏ်ယူရပါတယ်။ အများစုဟာ အချိန်မှန် ရောက်ပါတယ်”လို့ ကာကွယ် ပြောကြားခဲ့ပါတယ်။                                                            

 

Ref : UPI



  • VIA