News

POST TYPE

ALSO IN NEWS

အမေရိကန်သမ္မတ ရွေးကောက်ပွဲ လွတ်လပ် မျှတစေဖို့ ရုရှားက စောင့်ကြည့် လေ့လာသူတွေ လွှတ်မယ်
23-Oct-2016


နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့အတွက် စေလွှတ်လိုတယ်လို့ ရုရှားက ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က မဲရလဒ်တွေ အကြံအဖန် ဖြစ်လိမ့်မယ်လို့ ပြောပြီးတဲ့နောက်မှာ ရုရှားက ခုလို ပြောလာတာ ဖြစ်ပါတယ်။

 

မဲရုံတွေကို စောင့်ကြည့် လေ့လာဖို့အတွက် စောင့်ကြည့်ရေးသမားတွေ စေလွှတ်မှာကို  ကြိုဆိုပါကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုထားပေမယ့် ရုရှားရဲ့ ကမ်းလှမ်းမှု ဟာ ဝါဒဖြန့် စတန့်ထွင်မှု တစ်ရပ်သာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

ရုရှားဟာ အမေရိကန် ဒီမိုကရက်တစ် ပါတီရဲ့ ကွန်ပျူတာ ကွန်ရက်ကို ဖောက်ဝင်ခဲ့ကြောင်း အမေရိကန် အစိုးရက တရားဝင် စွပ်စွဲခဲ့ပြီး ရုရှားအစိုးရဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကြားဝင်ပါဖို့ လုပ်ဆောင်နေတယ်လို့ သတိပေးခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာတီမာ ပူတင်ဟာ ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာထရမ့် ကို ချီးမွှမ်းခန်းတွေ မကြာခဏ ဖွင့်ခဲ့ပါသတဲ့။ ရုရှားက စောင့်ကြည့် လေ့လာသူတွေ လာမယ်ဆိုရင် ငြင်းဆန်ဖို့အတွက် မူဝါဒမရှိပါဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအရာရှိ ဂျွန်ကာဘီက ဆိုထားပါတယ်။

 

ဥရောပ လုံခြုံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး OSCE အဖွဲ့ဝင်နိုင်ငံများကို စောင့်ကြည့်သူများ စေလွှတ်နိုင်ကြောင်း ကမ်းလှမ်းပြီး ဖြစ်ပါ၍ ရုရှားကို ကမ်းလှမ်းပြီး ဖြစ်ပါကြောင်း မစ္စတာကာဘီက ဆိုပါတယ်။ ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့ ရှိပါတယ်။

 

Ref : UPI



  • VIA