News

POST TYPE

ALSO IN NEWS

ကင်ဆာဝေဒနာ ကုသမှု ခံနေရတဲ့ အမျိုးသမီးရဲ့ ပါတီအက အင်တာနက်မှာ လူကြည့်များ
22-Oct-2016


ကင်ဆာဝေဒနာခံစားရပြီး ဆေးတွေ မျိုးစုံသွင်း ဆံပင်တွေ ကျွတ်တယ်ဆိုရင် တော်တော်များများက စိတ်ဓာတ် ကျသွားလေ့ ရှိပါတယ်။ 

အန်နာ အဲလီစီယာအာယာလာဆိုတဲ့ အမျိုးသမီးဟာ ကင်ဆာဓာတု ကုထုံးတွေနဲ့ ပင်ပန်းနေပေမယ့် သူငယ်ချင်းဖြစ်သူ ဒန်နီယယ်လီ အန်ဒရက်စ်နဲ့ ပေါင်းပြီး ပါတီအက ကခုန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

Juju on That Beat ဆိုတဲ့ တေးသွားနဲ့ ကခုန်နေတဲ့ ကင်ဆာဝေဒနာသည် အမျိုးသမီးငယ်ပုံကြောင့် ကင်ဆာ ဝေဒနာရှင်တွေ ခွန်အားရကြမှာပါပဲ။ 

ဝေဒနာကို အံတုပြီး ပျော်ရွှင်စွာနေတဲ့ အမျိုးသမီးငယ်ရဲ့ ဗီဒီယိုဟာ အင်တာနက်မှာ လူကြည့် များနေခဲ့ပါတယ်။ 

“ကခုန်ခြင်းနဲ့ ပျော်ရွှင်ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးဖြစ်တယ်ဆိုတာ ကမ္ဘာကြီးကို ပြချင်ပါတယ်”လို့ အာယာလာက ပြောကြားပါတယ်။ 

ကဲသင့်မှာ ဘာစိတ်ညစ်စရာရှိပါသလဲ။ အီလက်ထရို ဂီတလေး တစ်ပုဒ် လောက်ဖွင့်ပြီး နွှဲလိုက်ပါနော်။ 

Ref : UPI



  • VIA