News

POST TYPE

ALSO IN NEWS

အရေးပေါ် မီးသွားသတ်ရတာ ကြိုက်လို့ မီးသတ်သမား တစ်ယောက် မီးလိုက်ရှို့
20-Oct-2016
အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်က မီးသတ်သမား တစ်ယောက်တော့ မီးရှို့မှုနဲ့ အဖမ်းခံနေရပါပြီ။ ပယ်ရီမြို့ မီးသတ်ဌာနက အဆိုပါ မီးသတ်သမား အဒမ်ဆယ်ဘီးဟာ အရေးပေါ်မီးသတ်ကားကြီးပေါ်ကနေ ဂိုက်အပြည့်နဲ့ မီးသတ်တိုက်ပွဲ ဆင်နွှဲရတာကို သိပ်ကြိုက်ပုံရပါတယ်။ မီးကလည်း သိပ်မလောင်တော့ ပျင်းလာပြီးတော့ ဟိုဟိုဒီဒီသွားပြီး မီးလိုက်ရှို့ပါသတဲ့လေ။ အဆောက်အအုံ ငါးခုနဲ့ ကောက်ရိုးပုံ သုံးပုံကို မီးရှို့ခဲ့သူအဖြစ် မသင်္ကာလို့ ၎င်းကို ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ပါသတဲ့။

မီးလောင်မှု တော်တော်များများမှာ သူဟာ သတင်း လှမ်းပေးသူဖြစ်ပြီး အခင်းဖြစ်ရာ နေရာကို အရင်ဆုံး ရောက်လာတတ်တဲ့ မီးသတ်သမား ဖြစ်နေတာကြောင့် မသင်္ကာတာကြောင့် ယခုအမှု ပေါ်ပေါက်လာတာ ဖြစ်ပါသတဲ့။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဆောက်အအုံ အလွတ် သုံးလုံးနဲ့ ကောက်ရိုးပုံများကို မီးလိုက်ရှို့နေတဲ့ အဲဒီမီးသတ်သမားဟာ မီးသတ်သမား ဂိုက်အပြည့်နဲ့ မီးသတ်ရတာကို ကြိုက်တာကြောင့်လို့ လုပ်ဖော် ကိုင်ဖက်တွေက ပြောကြားကြပါတယ်။ အားကစားရုံဟောင်း တစ်ခုကို မီးရှို့ခဲ့တဲ့ အဒမ် ဆယ်ဘီးဟာ ဓာတ်ဆီ အနည်းငယ် လောင်းပြီး မီးကို စတင်မွှေးခဲ့တာ ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

Ref : UPI


  • VIA