News

POST TYPE

ALSO IN NEWS

ရေချိုးခန်းထဲ လေးရက်ကြာ ပိတ်မိနေတဲ့ အဘွားအိုကို ကော်ဖီဆိုင် စားပွဲထိုးမလေးက သတိ ထားမိသွားတာကြောင့် အသက်ရှင်
18-Oct-2016

ဗြိတိန်နိုင်ငံမှာ သက်ကြီး အမျိုးသမီးကြီး တစ်ဦးဟာ ရေချိုးခန်းထဲမှာ လေးရက်ကြာ ပိတ်မိနေခဲ့ပြီး ကော်ဖီဆိုင်က စားပွဲထိုးမလေး တစ်ယောက်က အဘွားအို ပျောက်နေတာကို သတိထားမိလို့ ရဲသွားတိုင်လိုက်ပြီးတော့ ကယ်တင်လိုက်နိုင်ပါတယ်။ 

စားပွဲထိုးမလေးဟာ ဘွားဘွား အမြဲတမ်း လာသောက်နေကျ ကော်ဖီဆိုင်က ဖြစ်ပြီး မပျက်မကွက် လာသောက်နေတာ ကြာခဲ့ပါပြီ။ ဘွားဘွား လေးရက်လောက် ပေါ်မလာတဲ့အခါ တစ်ခုခု ဖြစ်နေမှာကို စိုးရိမ်ပြီး ရဲကို လှမ်း အကြောင်း ကြားခဲ့ပါတယ်။ 

အသက် ၈၇ နှစ်အရွယ် ဒိုရင်းမန်းလို့ အမည်ရတဲ့ အမျိုးသမီးကြီးဟာ ရေချိုးခန်းထဲ တံခါးပိတ်မိနေတာ ဖြစ်ပါတယ်။ တာဝန်သိပြီး စိတ်ကောင်းရှိတဲ့ စားပွဲထိုးမလေးရဲ့ အမည်က ဆိုနီယာကွန်ဂရာဗီ ဖြစ်ပါသတဲ့။ 

''တနင်္လာနေ့အထိ ဘွားဘွား မလာခဲ့တော့ ကျွန်မ လုပ်နိုင်တာက ရဲကို ဖုန်းဆက် အကြောင်း ကြားတာပါပဲ။ ကံကောင်းတာက ကျွန်မက သူ့အိမ်လိပ်စာကို သိနေပါတယ်”လို့ သူမက ပြောပြပါတယ်။ 

ရေချိုးခန်းမှာ ပိတ်မိနေတဲ့ ဘွားဘွားဟာ ထွက်ဖို့ ကြိုးစားရင်း ဒူးမှာ ပွန်းသွားပါတယ်။ လေးရက်တိတိ ရေသောက်ပြီး အသက် ရှင်နေရတာပါ။ အေးလာတဲ့ အခါမှာတော့ တဘက်တွေ ခြုံထားပြီး ရေပူလေးတွေ ဖျန်းနေရပါသတဲ့။ 

ပြန်ထွက်လာတဲ့အခါ ကိတ်မုန့်နဲ့ လက်ဖက်ရည် တောင်းသောက်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။           


  • VIA