News

POST TYPE

ALSO IN NEWS

ထောင်ထဲက သမီးလေးကို စာအိတ်ထဲမှာ မူးယစ်ဆေး ထည့်ပို့တဲ့မေမေ အဖမ်းခံရပြီ
18-Oct-2016
ထောင်ကျနေတဲ့ သမီးလေးခမျာ မူးယစ်ဆေးဝါးတော့ သုံးချင်ရှာမှာပဲလို့ သင်သာ မိဘဖြစ်ရင် မတွေးမိစေနဲ့နော်။ သမီးလေးကို ထောင်ထဲ မူးယစ်ဆေးဝါး သွင်းပေးဖို့ ကြိုးစားတဲ့မေမေတော့ ဖလော်ရီဒါပြည်နယ်က ထောင်ထဲမှာ သားအမိ နှစ်ယောက် ဆုံစည်းနေကြပါပြီ။ အမေဖြစ်သူက ထောင်ထဲကို စာအိတ် ပို့ခဲ့ပြီး စာအိတ်ကလည်း ဓာတုဆေးနံ့ ရနေတယ်လို့ မွန်ရိုးနယ် ရဲအုပ်ကြီးရုံးက ပြောခွင့်ရ အရာရှိ ဘက်ကီဟာရင်က ပြောကြားခဲ့ပါတယ်။ မသင်္ကာလို့ ရဲက ဖွင့်ကြည့်တဲ့အခါ အထဲမှာ အရာဝတ္ထုတစ်ခု တွေ့ရှိခဲ့ရပါတယ်။

Buprenorphine လို့ အမည်ရတဲ့ ဓာတ်ခွဲခန်းထုတ် မူးယစ်ဆေးဝါး တစ်မျိုး ဖြစ်နေတာကြောင့် မေမေ့ကိုပါ ဖမ်းရပြီ ဖြစ်ပါသတဲ့။ အသက် ၅၅ နှစ်အရွယ် နာဒင်းကာရိုးကို ကြာသပတေးနေ့က ဒေသခံရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် ရှန်နွန်ကာရိုးနဲ့ တစ်ထောင်တည်း ဖြစ်သွားပါပြီ။ ကိုကင်းလက်ဝယ် တွေ့ရှိမှု၊ တားမြစ်ထားတဲ့ ကားလိုင်စင်နဲ့ ယာဉ်မောင်းမှု စတဲ့အမှုတွေနဲ့ ရှန်နွန်ကာရိုးကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ထောင်ထဲကို မူးယစ် မှောင်ခိုသွင်းမှုနဲ့  ဖမ်းခံထားရတဲ့ မေမေနဲ့ သမီးတို့မှာ ရှေ့နေရှိ မရှိတော့ သတင်းတွေက အတည် မပြုနိုင်သေးပါဘူး။


  • VIA