News

POST TYPE

ALSO IN NEWS

ကလေးကို သက်သတ်လွတ် အတင်း စားခိုင်းနေသော ဇနီးအား ခင်ပွန်းက ရဲတိုင်
17-Oct-2016

မိဘတိုင်းဟာ ကိုယ်နေတဲ့ ဘဝနေနည်းအတိုင်း ကိုယ့်သားသမီးကို လိုက်ပြီး နေစေချင်တယ် ဆိုတာတော့ မထူးဆန်းပါဘူး။ ဒါပေမဲ့ အရွယ် မရောက်သေးဘဲ မရွေးချယ်နိုင်သေးတဲ့ ကလေးကို ကိုယ့်လိုပဲ နေရမယ်လို့ အတင်း လုပ်ယူတာကျတော့ သိပ်အဆင်မပြေပါဘူး။ ရုရှားက ခင်ပွန်းသည် တစ်ယောက်တော့ ရှင်းပါတယ်။ သူ့ကလေးကို အတင်း အရွက်ပဲ စားခိုင်းနေတဲ့ ဇနီးဖြစ်သူကို ရဲသွားတိုင်ပါသတဲ့။

ဗလာဒီဗော့စတော့ဒေသက ရဲတပ်ဖွဲ့ဟာ အမျိုးသား တစ်ဦးက သူ့ဇနီးကို လာရောက် တိုင်ချက်ဖွင့်တာကို လေ့လာသုံးသပ် နေရပါတယ်။ ကလေးတွေကို သက်သတ်လွတ်သမား ဖြစ်အောင် အတင်း လုပ်နေလို့ပါဆိုပြီး အမျိုးသားက တိုင်တန်းတာပါ။ သက်သတ်လွတ်သမား ဇနီးဟာ ကလေးတွေကိုလည်း အတင်း သက်သတ်လွတ်တွေပဲ ကျွေးနေတယ်လို့ ရတက်ပွေနေတဲ့ ဖခင်က ရဲတွေကို ပြောပြပါတယ်။

“ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို သက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်နေပါတယ်”လို့ ရဲအရာရှိ တစ်ဦးက ရုရှားသတင်းဌာန Interfax ကို ပြောကြားပါတယ်။

ဖခင်က စိတ်ပူနေပေမယ့် သားသမီးတွေကတော့ မိခင်ကျွေးတဲ့ အသီးအရွက်တွေကို ကြိုက်နေကြတာကြောင့် ဒါကို ရာဇဝတ်မှုအရ အရေးယူ စုံစမ်းဖို့ အခက်အခဲ ရှိတယ်လို့ ရဲက ဖေဖေ့ကို ချော့မော့ ပြောနေရပါတယ်။

Ref : UPI


  • VIA