News

POST TYPE

ALSO IN NEWS

ထိုင်းမှာ အနက်ရောင်အင်္ကျီ ဝယ်လိုအား ထိုးတက်၊ ဈေးတင်ရောင်းရင် အရေးယူမယ်
16-Oct-2016
ထိုင်းဘုရင်ကြီး ကံတော်ကုန်တဲ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်ပြည်လုံးက အနက်ရောင်ပဲ ဝတ်ဆင်ကြပါတယ်။ ဒီတော့ အနက်ရောင် အဝတ်အထည်တွေရဲ့ ဝယ်လိုအား ထိုးတက်သွားပြီး ရောင်းမလောက် ဖြစ်နေပါတယ်။ ဈေးကွက်ရဲ့ ထောက်ပံ့ထားနိုင်စွမ်း အလျင် မှီဖို့အတွက် ထုတ်လုပ်သူတွေနဲ့ ပူးတွဲ လုပ်ဆောင်နေတယ်လို့ စီးပွားရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။ အနက်ရောင် ရောင်းကောင်းနေလို့ ဈေးတင် ရောင်းသူတွေကိုလည်း အရေးယူမယ်လို့ ထိုင်းအစိုးရက ကြေညာ ထားပါသေးတယ်။
 
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၇ဝ လောက် ထီးနန်းကို စိုးစံသွားတဲ့ ဘုရင် ဘူမိဘောကို ပြည်သူတွေက နတ်ဘုရား တစ်ပါးသဖွယ် ကြည်ညို ပူဇော်ပသကြပါတယ်။ ဘုရင် ကံတော်ကုန်တဲ့အတွက် ဝမ်းနည်းကြောင်း ပြသဖို့ အပျော်တီဗွီ အစီအစဉ်တွေ၊ ပွဲလမ်းသဘင်တွေကို ရပ်တန့်ထားပါတယ်။

ထိုင်းစီးပွားရေးကို ထိခိုက်မယ်လို့ ခန့်မှန်းထားပေမယ့် အနက်ရောင်အင်္ကျီ ဈေးကွက်ကတော့ ထိုးတက် သွားခဲ့ပါသတဲ့။ ထုတ်လုပ်သူတွေက ဝယ်လိုအားနဲ့ ကိုက်ညီအောင် စီစဉ်ပေးနိုင်တာမို့ ဝယ်ယူ အားပေးနိုင်ပါကြောင်း ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာန ညွှန်ချုပ် နွန်တာဝန်ဆာကွန်တာနာဂါက ပြောပါတယ်။

ဈေးတင်ရောင်းဖို့တော့ မကြံနဲ့၊ အရေး ယူခံရမယ်လို့ ဈေးသည်တွေကိုလည်း သတိ ပေးလိုက်ပါသေးတယ်။

Ref : UPI 



  • VIA