News

POST TYPE

ALSO IN NEWS

ဒေါ်နယ်ထရမ့် ဗေဒင်ဟောစက် နယူးယောက် လမ်းဘေး တစ်နေရာတွင် တပ်ဆင်
13-Oct-2016

အီလက်ထရောနစ် ဗေဒင်ဟောစက်ကလေး တစ်လုံးကို နယူးယောက်မြို့တော် လမ်းဘေး တစ်နေရာမှာ တပ်ဆင်ထားပြီး သမ္မတလောင်း ဒေါ်နယ်ထရမ့် ကိုယ်တိုင် ဟောပြောပေးတဲ့ ပုံစံမျိုး လုပ်ထားပါတယ်။ All-Seeing Trump လို့ အမည်ပေးထားတဲ့ ဗေဒင်စက်ကို သတင်းထောက ်တစ်ယောက်က တွေ့သွားခဲ့ပြီး သတင်းပေါ် ရောက်လာတာ ဖြစ်ပါတယ်။ ထိုစက်ထဲက ဒေါ်နယ်ထရမ့်ပုံဟာ လမ်းသွားလမ်းလာတွေကို ပေါက်ကရတွေ လိုက်ပြောနေတဲ့ပုံမျိုး ပြုလုပ်ထားပါတယ်။

“ဟေ့... မင်းကြည့်ရတာ လူဆင်းရဲ တစ်ယောက်နဲ့ တူသကွ”လို့ စက်က ဖြတ်သွား ဖြတ်လာတွေကို ပြောနေပါသတဲ့။

''ငါ့လို လူချမ်းသာကြီးရှေ့ကို လာပြီး ဗေဒင် မေးစမ်းပါ။ အနာဂတ်ကို ပြောပြပါ့မယ်။ ငါ့ရဲ့ သလင်း ကျောက်ဖန်တုံးကို ကြည့်စမ်းပါ အမေရိကရဲ့ အနာဂတ်ကို မြင်ရမယ်”ဆိုပြီး အရုပ်ကြီးက အသံတွေ ထွက်နေပါတယ်။ 

နယူးယောက် ဘရုကလင်းက အနုပညာရှင် လေးယောက်က ဒေါ်နယ်ထရမ့် ဗေဒင်စက်ကို ဖန်တီးခဲ့တာ ဖြစ်ပြီးတော့ ဟာသ သရုပ်ဆောင် တစ်ဦးက အသံနောက်ကနေ ထည့်ပေး ထားတာဖြစ်ပါတယ်။ အလားတူ အနုပညာရှင် တစ်ဦးကလည်း ဒေါ်နယ်ထရမ့် ကိုယ်တုံးလုံး ပုံကို နယူးယောက် အပါအဝင် အမေရိကန်မြို့ကြီးတွေမှာ လိုက်ထောင်ခဲ့ဖူးပါတယ်။  ပြောချင်ရာကို စွတ်စွတ် ပြောတတ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ အကျင့်ကြောင့် ရွေးကောက်ပွဲ မတိုင်ခင် ထိခိုက်မှုများ ရှိနေပါတယ်။



  • VIA