News

POST TYPE

ALSO IN NEWS

သက်ကြီးရွယ်အို စုံတွဲ ၁၂ဝဝ ကျော် တစ်ပြိုင်နက် ပြန်ထိမ်းမြားပြီး ကမ္ဘာ့စံချိန်တင်
12-Oct-2016

အမေရိကန် ပြည်ထောင်စု မစ်ချီဂန် တက္ကသိုလ်ဝင်းထဲမှာ ကမ္ဘာ့စံချိန် ချိုးဖို့ အစီအစဉ် တစ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ 

အိုမင်းချိန်အထိ လက်တွဲ မဖြုတ်စတမ်း ရှိနေကြတဲ့ စုံတွဲ ၁၂ဝ၁ တွဲဟာ သူတို့တွေရဲ့ မင်္ဂလာပွဲကို ပြန်လည် ဆင်နွှဲကြတာပဲ ဖြစ်ပါတယ်။ 

ဒီပွဲကို မြို့တော်ဝန် ဘော်ဘီဟုပ်ဝဲလ် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ပွဲကို တက်ရောက်လာတဲ့ ပရိသတ်ထဲမှာ မစ်ချီဂန် တက္ကသိုလ်ရဲ့ အဓိပတိနဲ့ ဇနီးဖြစ်သူလည်း ပါဝင်ပြီး ခုတစ်ကြိမ် ကြိုးစားတာဟာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ 

“စုံတွဲတွေ အများကြီး အတူ ရှိကြပြီး သူတို့ရဲ့ မေတ္တာတရားနဲ့ အတူတကွ ဆက်နွှယ် တည်ရှိမှုကို ပြသခဲ့ကြတာ ဖြစ်ပါတယ်”လို့ ပွဲစီစဉ်သူ ရီနီပါးလ်က ပြောကြားပါတယ်။ 

ဂရင်းနစ်စံချိန် အဖွဲ့ကလည်း လာရောက် ကြည့်ရှုခဲ့ပြီး စံချိန်သစ်ဖြစ်ကြောင်း အတည် ပြုပေးခဲ့ပါတယ်။ 

“သိရသလောက်ကတော့ ဒါဟာ ကမ္ဘာ့လူအုပ် အများဆုံး ဘိုးဘိုးဘွားဘွား စုံတွဲတွေ ဖြစ်ကြပါတယ်”လို့ ဆိုထားပါတယ်။ 

လောကဓံတရား၊ နှစ်ကာလ ကြာရှည်မှု အဲဒါတွေကို ကျော်လွှားပြီး အိုမင်းချိန်အထိ အတူရှိဖို့ဆိုတာ လွယ်တာမှ မဟုတ်တာပဲ။ ချီးကျူး ဂုဏ်ပြုစရာပါ။ 

Ref : UPI 



  • VIA