News

POST TYPE

ALSO IN NEWS

အသက် ၉၂ နှစ်အရွယ် ကနေဒါက ပိုက်ပြင်ဆရာကြီး လုပ်ငန်းခွင်မှာ ရှိနေဆဲ
11-Oct-2016

ဘဝမှာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို အသက်ထက်ဆုံး လုပ်သွားနိုင်ပြီး အိုမင်းချိန်ထိ ဆက်လက် လုပ်ကိုင် နိုင်သေးတယ် ဆိုတာ ကံအလွန် ကောင်းလှပါတယ်။ 

ပိုက်လုံးတွေ၊ လေအေးပေးစက်တွေ၊ သတ္တုပြားတွေ ကြားမှာ ဝပ်ရှော့ ဝတ်စုံကြီး ဝတ်ပြီး အလုပ် လုပ်နေဆဲ ဖြစ်ပြီး သူ့အတွေ့အကြုံနဲ့ ပြဿနာ အရင်းအမြစ် ရှာဖွေနိုင်စွမ်းတွေကြောင့် သူ့ကို လက်မလွှတ်နိုင်ဘဲ အားထားနေရဆဲပါတဲ့။ လော်နီဖစ်ဂနီလို့ အမည်ရတဲ့ ဆရာကြီးဟာ လက်သမားဆရာ၊ ပိုက်ပြင်ဆရာ သက်တမ်း ၆၅ နှစ်ရှိပြီလို့ ဆိုပါတယ်။ အသက် ၆ဝ ကျော်တန်းတွေမှာ အနား ယူသွားကြတဲ့ ဒီအလုပ်ကို ဆရာကြီးက ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ခုဆိုရင် ကမ္ဘာ့ အသက်အကြီးဆုံး ပိုက်ပြင်ဆရာကြီးအဖြစ် ဂရင်းနစ်မှတ်တမ်းတောင် ဝင်သွားခဲ့ပါပြီ။ 

လော်နီဖစ်ဂနီဟာ ဒုတိယ ကမ္ဘာစစ်မှာလည်း ကနေဒါ စစ်တပ်ကနေ ဝင်တိုက်ခဲ့ပြီးတော့ စစ်သားလူထွက် ဘဝမှာ လက်သမား ပညာကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ ရေနွေးငွေ့ပိုက်၊ ရေပိုက်၊ လေအေးပေးစက်ပိုက် ဘယ်လိုဟာပဲလာလာ ဆရာကြီးက ပြုပြင်နိုင်၊ တပ်ဆင်နိုင်ပါသတဲ့။ ဟာသဉာဏ်လည်း ရွှင်ပြီး အလုပ်ကို ပျော်ရွှင်စွာ လုပ်ကိုင်နေပါသတဲ့။

Ref : UPI



  • VIA