News

POST TYPE

ALSO IN NEWS

ဟိုတယ်ကြီးတစ်ခုလုံး ကားပုံစံတွေ ဆင်ယင်ထားတဲ့ ဂျာမနီကဟိုတယ်
04-Sep-2018 tagged as


ဘဝမှာ အိပ်စက်ရင်း စီးနင်းရတဲ့ခံစားချက် နှစ်ခုလုံးကိုပေးစွမ်းမယ့် ဟိုတယ်တစ်ခု ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ ဖွင့်ထားပါတယ်။ V8 လို့အမည်ရတဲ့ ဟိုတယ်ရဲ့အခန်းတွေမှာ အိပ်ရာတွေက ကားပုံစံတွေ ဆင်ယင်ထားတာမို့ မော်တော်ကားခရေဇီတွေ အတွက်တော့ နှစ်သက်စရာပါ။ Morris Minor ကနေ Mercedes အထိ ကားပေါင်းစုံရဲ့ အဆင်အပြင်နဲ့ အခန်းတွေဖြစ်ပါတယ်။ လူအတော်များများက အဲဒီဟိုတယ်ကို လာရောက် လည်ပတ်ကြချင်တယ်လို့ ဝန်ထမ်းတွေက ဆိုနေပေမယ့် ဟိုတယ်အခန်းခကတော့ ဈေးမသေးပါဘူး။ တစ်ညကို ပေါင်ငွေ ၃၁၂ အထိ ကျသင့်ပါတယ်။ ဟိုတယ်ကိုရောက်ပြီဆိုတာနဲ့ ကိုယ်ကြိုက်တဲ့ ကားအမျိုးအစားအလိုက် အခန်းတွေကို ရွေးပြီးတော့ တည်းနိုင်ပါသတဲ့။ ဟိုတယ်ဧည့်ခန်းကနေ စားသောက်ဆိုင်အထိ ကားပေါင်းစုံနဲ့ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။

F-02


  • TAGS