News

POST TYPE

ALSO IN NEWS

သခင်ရဲ့ လက်ထပ်ပွဲကို တက်ရောက်တဲ့ ခွေးကလေးရဲ့ဖက်ရှင်
08-Aug-2018


အမေရိကန်ပြည်ထောင်စု ရိုဒီအိုင်လန်ဒေသက လက်ထပ်ထိမ်းမြားသူ သတို့သမီးဟာ သူမရဲ့ခွေးကိုလည်း သတို့သမီးပုံစံလေး ဆင်မြန်းပေးထားပါတယ်။ သတို့သမီး ဒန်နီလီဘရိုင်ယန်ဟာ ခင်ပွန်းသည်ဖြစ်သူနဲ့ ဘုရားကျောင်းကထွက်ခွာစဉ် ခွေးကလေး ဂီရာကို တွေ့လိုက်ပြီး အံ့အားသင့်ခဲ့ပါတယ်။ သတို့သမီးရဲ့ ခွေးကလေးကို သတို့သားက လက်ထပ်မင်္ဂလာပွဲတက်ပုံစံ ဆင်မြန်းပေးထားတာဖြစ်ပါတယ်။ ခွေးကလေးရဲ့ ဆင်မြန်းထားတဲ့ပုံစံကြောင့် လက်ထပ်ပွဲလာပရိသတ်များ နှစ်သက်ပျော်ရွှင်ခဲ့ကြပါတယ်။ အဖြူရောင်ဂါဝန်လေးနဲ့ ခွေးမလေးဟာ သခင်မရဲ့မင်္ဂလာပွဲမှာ ပျော်ရွှင်နေပုံပေါက်ပါတယ်။ ပိုင်ရှင်ကိုမင်္ဂလာပွဲအတွင်း အံ့အားသင့်သွားအောင် ခွေးကိုပြင်ဆင်ပေးရတာ ပထမဆုံးပါပဲလို့ ဝန်ဆောင်မှုပေးသူက ဆိုလိုက်ပါတယ်။

F-02