News

POST TYPE

ALSO IN NEWS

ဂျာမန်အဘိုးကြီးနှစ်ဦး ဂီတပွဲသွားကြည့်ဖို့ သက်ကြီးဂေဟာက ခိုးထွက်
06-Aug-2018


ဂျာမနီနိုင်ငံ သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခုမှ သက်ကြီးအမျိုးသားနှစ်ဦးဟာ ဟဲဗီးမက်တယ် ရော့ခ်ဂီတပွဲကို သွားရောက်ဖို့ ခိုးထွက်သွားခဲ့တယ်လို့ ရဲများကဆိုထားပါတယ်။ အမျိုးသားကြီးနှစ်ဦး ပျောက်ဆုံးနေတဲ့အတွက် သက်ကြီးဂေဟာ အရာရှိများဟာ ရဲကိုအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကမ္ဘာ့အကြီးဆုံး ဟဲဗီးမက်တယ်ဂီတပွဲတော် Wacken Open Air ပွဲခင်းမှာ အဆိုပါ အမျိုးသားကြီးနှစ်ဦးကို ပြန်တွေ့ခဲ့ပါသတဲ့။ ယင်းရော့ခ်ဂီတပွဲတော်ဟာ ၁၉၉၀ ပြည့်ကတည်းက နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။ ရဲများကိုတွေ့တဲ့အခါ အဆိုပါအမျိုးသားနှစ်ဦးဟာ ထိတ်လန့်တုန်လှုပ်သွားပြီး ပွဲကနေ မပြန်ချင်တဲ့ အမူအရာတွေ ပြကြပါတယ်။ သူတို့ဟာ မက်တယ်ဂီတကို အလွန် နှစ်သက်ပုံရပါတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရအရာရှိ မာလီနျူဖဲဒ်က ဂျာမန်မီဒီယာတွေကို ပြောကြားပါတယ်။

F-02